CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀

အာဆင်နယ်အသင်းဟာ အင်္ဂလန်တောင်ပံ ကစားသမား ဆာကာကို ၂၀၃၀ ခုနှစ်အထိ အသင်းမှာရှိမယ့် စာချုပ် သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိထားတယ်လို့ RMC Sport က ဖော်ပြထားပါတယ်။ 

၂၀၂၇ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ဆာကာနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး လန်ဒန်ကလပ်ဟာ သူ့ကို ဒီနှစ်မကုန်မီမှာ စာချုပ်သစ် လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်နေပါ တယ်။ 

ဆာကာဟာ အသက် ၇ နှစ်အရွယ်ကတည်းက အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အကယ်ဒမီ ကနေတဆင့် အသင်းကြီးအတွက် ပါဝင်ကစားနေတာ ဖြစ်ပါတယ်။ 

ဆာကာကတော့ သူဟာ အာဆင်နယ်အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူချင်တယ်လို့ ဒီနှစ် အစော ပိုင်းမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြောထားတာပါ။ 

ဆာကာကို တွေ့ရစဉ်

ဆာကာက သူနဲ့အသင်း ပရိသတ်တွေ အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး စာချုပ် ၂ နှစ် ကျန်ရှိနေသေး တာကြောင့် စိတ်အေးလက်အေး ဖြစ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။ 

ဆာကာဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၀ ခုနှစ်က FA ဖလားရရှိခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့ရခြင်း မရှိပါဘူး။ 

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လည်း ရလဒ်ကောင်းတွေ ရရှိထားတာကြောင့် ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေတာပါ။ 

အာဆင်နယ်အသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဂါဘရီရယ်လ်နဲ့ ဆာလီဘာတို့ကို စာချုပ်သက်တမ်း တိုးပြီးနောက် ဆာကာ အပါအဝင် တင်ဘာ၊ ဒီကလန်ရိုက်စ်တို့ကိုလည်း စာချုပ်သက်တမ်း တိုးနိုင်ဖို့ လုပ်ဆောင် နေတာ ဖြစ်ပါတယ်။ 

အသက် ၂၄ နှစ်အရွယ်ရှိ ဆာကာဟာ အာဆင်နယ်အသင်းအတွက် ၂၇၇ ပွဲ ကစားခဲ့ပြီး ၇၆ ဂိုးသွင်းယူထားကာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၄၈ ပွဲကစားထားပြီး ၁၄ ဂိုးသွင်းယူထားပါတယ်။ 

Source: Goal