၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုကတော့ လူငယ်ကစားသမားဖြစ်တဲ့ အဖီနာဂီယန်ကို ပေးထားတဲ့ကတိ တည်တဲ့အနေနဲ့ ၎င်းလိုချင်နေတဲ့ ယူရို ၈၀၀ တန် ဖိနပ်ကို ဝယ်ပေးခဲ့ပါတယ်။
အသက် ၁၈ နှစ် အရွယ်ရှိ လူငယ်ကစားသမား အဖီနာဟာ ဂျီနိုအာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးလုံး သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အဖီနာဂီယန်ဟာ အဲဒီပွဲမှာ ပွဲချိန် ၇၄ မိနစ်အရောက်မှသာ လူစား ဝင်ကစားခဲ့တာဖြစ်ပေမယ့် အသင်းကို နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဖီနာဂီယန်အနေနဲ့ ရိုးမားအတွက် ပထမဂိုးသွင်းယူအပြီးမှာ နည်းပြမော်ရင်ဟိုနဲ့အတူ အောင်ပွဲခံခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။မော်ရင်ဟို က အဲဒီပွဲအပြီးမှာ အဖီနာဂီယန် ကို စျေးကြီးတဲ့ ဖိနပ်အသစ်တစ်ရံ ဝယ်ပေးမယ်လို့ ကတိပေးထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
“သူ အလွန်ကြိုက်နှစ်သက်နေတဲ့ ဖိနပ်ကိုဝယ်ပေးမယ်လို့ ဖိလစ်ကို ကျနော် ကတိပေးထားပါတယ်။ စျေးကြီး ပါတယ်။ ယူရို ၈၀၀ ကုန်ကျမှာပါ။ သူဟာ ဒီပွဲမှာ ဂိုးသွင်းပြီးတာနဲ့ပြေးလာပြီး ဒါကို မမေ့ဖို့ ကျနော့်ကို လာပြော သွားခဲ့ပါတယ်။ မနက်ဖြန်မနက်မှာ ကျနော် ပထမဆုံးလုပ်ရမယ့်အရာက သူ့အတွက် ဖိနပ်ဝယ်ပေးဖို့ပါပဲ”လို့ မော်ရင်ဟိုက ပြောခဲ့တာပါ။
မန်ချက်စတာယူနိုက်တက် အသင်းနည်းပြဟောင်းဖြစ်သူက သူပေးထားတဲ့ ကတိတည်ကြောင်းကို ပြသခဲ့တဲ့ အနေနဲ့ ဂါနာကစားသမားကို ဖိနပ်ဝယ်ပေးခဲ့တာဖြစ်ပါတယ်။ အဖီနာဂီယန်ဟာ သူ့ကိုနည်းပြက ဖိနပ် လက် ဆောင်ပေးတဲ့ ဗီဒီယိုကို လှုမှုကွန်ယက်မှာ မျှဝေခဲ့တာပါ။ မော်ရင်ဟိုက သူဝယ်ပေးတဲ့ ဖိနပ်ကို ကစားသမား ကိုယ်တိုင် ဝတ်ဆင်တာကို ကြည့်ရှုနေခဲ့တာလည်း ဖြစ်ပါတယ်။ အဖီနာဂီယန်အတွက်တော့ ဂျီနိအာအသင်းကို အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးဟာ သူ့ရဲ့ကစားသမားဘဝ ပထမဆုံးဂိုးလည်းဖြစ်ပါတယ်။
နောက်ဆုံး ၃ ပွဲဆက်တိုက် ရလဒ်ဆိုးတွေကြုံတွေ့နေရတဲ့ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုအတွက်တော့ ဒီ နိုင်ပွဲဟာ သူ့ကို အသက်ရှုချောင်စေခဲ့တာလည်း ဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ဂျီနိုအာအသင်းကို အနိုင်ရခဲ့တာ ကြောင့် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ရောက်ရှိလာခဲ့တာပါ။သောကြာနေ့မှာတော့ ရိုးမား အသင်းဟာ ယူရိုပါကွန်းဖရန့်စ်လိဂ်ပွဲစဉ်အဖြစ် ဇောယအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါ တယ်။
Source:sportbible.com