CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃

အယ်လ်အေလိတ်ကာ အသင်းက ဒီထရိုက်ပစ်စတန် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လီဘရွန်ဂျိမ်းစ်ဟာ ပြိုင်ဘက်ကစားသမား စတီးဝပ်နဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး သူ့ရဲ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ၁ ပွဲပယ်ခံ လိုက်ရပါတယ်။

ဒီပွဲမှာ အယ်လ်အေလိတ်ကာ အသင်းက ဒီထရိုက်ပစ်စတန် အသင်းကို ၁၂၁ မှတ်-၁၁၆ မှတ်နဲ့ အနိုင်ရခဲ့ပြီး လီဘရွန်ဂျိမ်းစ်နဲ့ စတီးဝပ်တို့ ပြဿနာဖြစ်ပွားကာ ထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

လီဘရွန်ဂျိမ်းစ်အတွက်တော့ သူ့ရဲ့ ၁၉ နှစ်ကြာ NBA ကစားသမားဘဝအတွင်းမှာ ဒုတိယအကြိမ်မြောက် ပြိုင်ပွဲ ကနေ ကစားပွဲကနေ ထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ စတီးစပ်ကတော့ ဒီ ပြဿနာကြောင့် အသင်းရဲ့ ပွဲစဉ်နှစ်ပွဲတွင် ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ လီဘရွန်ဂျိမ်းစ်ဟာ စတီးဝပ်ရဲ့မျက်နှာကို လက်နဲ့ထိုးခဲ့တာကြောင့် စတီးဝပ်ရဲ့ညာဘက် မျက်လုံးအနီးမှာ ကြီးမားတဲ့ ပြတ်ရှဒဏ်ရာရရှိခဲ့တာပါ။ စတီးဝပ်ဟာ လီဘရွန်ဂျိမ်းစ်ကို ပြန်လည်တုံ့ပြန်ဖို့ ကြိုးစားခဲ့တဲ့အတွက် အသင်းဖော်တွေနဲ့ နည်းပြတွေက မနည်းထိန်းချုပ်ခဲ့ရပါတယ်။

ဒီ အဖြစ်အပျက်ကို ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် နှစ်ဦးစလုံးကို ကစားပွဲကနေ ထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။ လီဘရွန်ဂျိမ်းစ်ဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် နယူးယော့ခ်နစ်ခ်စ်အသင်းနဲ့ ကစားမယ့်ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်ဘူး လို့ သတင်းမှာ ဖော်ပြထားပါတယ်။ လီဘရွန်ဂျိမ်းစ်ရဲ့အယ်လ်အေလိတ်ကာ အသင်းဖော် အန်သိုနီဒါဗစ် က “လီဘရွန်ဟာ ညစ် ပတ်တတ်တဲ့ လူမျိုးမဟုတ်ဘူးဆိုတာ လိဂ်မှာရှိတဲ့ လူတိုင်းသိပါတယ်။ သူ့ကို လုပ်ခဲ့တာ ကြောင့် သူကပြန်ပြီး တုံံ့ပြန်တာပဲဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။

အယ်လ်အေလိတ်ကာ အသင်းဟာ ဒီ နိုင်ပွဲကြောင့် NBA အနောက်ပိုင်းဇုန်မှာ ၁၈ ပွဲကစားပြီး ၉ ပွဲနိုင် ၉ ပွဲရှုံးနဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒီထရိုက်ပစ်စတန်အသင်းကတော့ အရှေ့ပိုင်းဇုန်မှာ ၁၆ ပွဲ ကစားထားပြီး ၄ ပွဲနိုင် ၁၂ ပွဲရှုံးနိမ့်ထားကာ အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

Source: BBC