CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်အမြတ်အစွန်းနဲ့ရေရှည်တည်တံ့မှု(PSR)စည်းမျဉ်းကို ချိုးဖောက်မှုကြောင့် အမှတ်လျှော့ခံရနိုင်တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အယူခံဝင်ခဲ့တာမှာ အောင်မြင်သွားခဲ့ပါတယ်။ 

လက်စတာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲထံ တန်းပြန်တက်လာခဲ့တာပါ။ 

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်က သူတို့ကို စွဲချက်တင်ခဲ့တာကို လွတ်လပ်တဲ့ကော်မရှင်ထံ အယူခံဝင်ခဲ့တာမှာ လွတ်လပ်တဲ့ကော်မရှင်က ပရီးမီးယားလိဂ်အနေနဲ့ အရေးယူ ခွင့်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်က သူတို့ကို စွဲချက်တင်ချိန်မှာ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းခဲ့ရပြီး ပရီးမီးယားလိဂ်အဖွဲ့ဝင်မဟုတ်တော့တာကြောင့် လွတ်လပ်တဲ့ကော်မရှင်က အခုလိုဆုံးဖြတ်ခဲ့တာပါ။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ PSR စည်းမျဉ်းအရ ၃ ရာသီအတွင်းမှာ ပေါင် ၁၀၅ သန်းအထိသာ အရှုံးပြ ခွင့်ပြုထားပြီး မနှစ်ကရာသီတုန်းက အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ဟာ အမှတ်လျှော့ခြင်း ခံခဲ့ရပါတယ်။ 

လက်စတာအသင်းဟာ အယူခံဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပရီးမီးယားလိဂ်ကတော့ ဒီ ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်ပြီး စိတ်လည်းပျက်မိတယ်လို့ ပြောခဲ့တာပါ။

၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ လက်စတာအသင်းဟာ ဒီရာသီ အမှတ်ပေး ပွဲစဉ် ၃ ပွဲကစားအပြီးမှာ နိုင်ပွဲမရသေးဘဲ ၁ ပွဲသရေ ၂ ပွဲရှုံးကာ ရမှတ် ၁ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည် နေတာဖြစ်ပါတယ်။ 

Source:ESPN