CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂

ဒီရာသီမှာ လေဗာကူဆင်အသင်းကို ရလဒ်ကောင်းတွေရရှိအောင် ကိုင်တွယ်ထားတဲ့ ဇာဘီအလွန်ဆိုဟာ အနာဂတ်မှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေကို ကိုင်တွယ်ဖို့နဲ့ ပတ်သက်ပြီး ငြင်းဆန်ခြင်းမရှိတာဖြစ်ပါတယ်။

ဇာဘီအလွန်ဆိုက”အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်တော့မှမသိနိုင်ပါဘူး။ အခုအချိန်မှာတော့ ဒါကို မစဉ်းစားသေးပါဘူး။ လက်ရှိအချိန်မှာ ကျွန်တော်ဟာ ငယ်ရွယ်တဲ့ နည်းပြတစ်ဦးအဖြစ်ရှိနေပါတယ်။ ပရီးမီးယား လိဂ်က နာမည်ကြီးကစားသမားတွေ၊နည်းပြတွေ၊အသင်းတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲပါ”လို့ ပြောခဲ့ တာပါ။

ဇာဘီအလွန်ဆိုဟာ ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ့် နည်းပြကလော့ပ်နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားခြင်းခံခဲ့ရသလို ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်ရဲ့နေရာမှာ အစားထိုး ဝင်ရောက်ဖို့ ချိတ်ဆက်ခံခဲ့ရတာဖြစ်ပါတယ်။

 ဒါပေမယ့် ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းမှာ အနည်းဆုံးနောက်ထပ်တစ်ရာသီအထိ ဆက်ရှိမယ်လို့ ကြေညာသွားခဲ့တာဖြစ်ပါတယ်။

ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းကို မကိုင်တွယ်ခင် ဆိုစီဒက်ဘီအသင်းကို စတင်ကိုင်တွယ်ခဲ့တာပါ။ 

စပိန်လူမျိုးနည်းပြဟာ ၂၀၂၂ ခုနှစ်၊နိုဝင်ဘာမှာ လေဗာကူဆင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး မနှစ်ကရာသီက တန်းဆင်းဇုန်နားကနေ အဆင့် ၆ နေရာရပ်တည်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

လေဗာကူဆင်အသင်းဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံ ၄၂ ပွဲအထိ ရှုံးပွဲမရှိသေးဘဲ ဆုဖလား ၃ လုံးရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။

လေဗာကူဆင်အသင်းနဲ့ ဇာဘီအလွန်ဆိုတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။

Source:Sportsmole