၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၉

ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်မအောင်မြင်ခဲ့တဲ့ ရော်နယ်ဒိုဟာ Range Rover ကားထဲက လုံခြုံရေးအစောင့််အရှောက် ၂ ဦးနဲ့အတူ ပေါင် ၂၅၀၀၀၀ (နှစ်သိန်းခွဲ)တန် ဘန်တလေကားကို စီးနင်းပြီး ကာရင်တန် လေ့ကျင့် ရေးကွင်းကို ရောက်ရှိလာခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

နိုင်ငံအသင်းနဲ့အတူ စိတ်ပျက်စရာ ရလဒ်တွေကို ဖြတ်သန်းခဲ့ရတဲ့ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြန်လည် အာရုံစိုက်ရတော့မှာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပြီးနောက် နည်းပြ ဆိုးလ်ရှား ဟာ ဖိအားတွေအောက်ကို ကျရောက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီ ကစားသမားဟာ နိုင်ငံအသင်းနဲ့ မအောင်မြင်ခဲ့ တာကို မေ့ထားပြီး ဝက်ဖိုဒ့်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲအတွက် ကာရင်တန်ကိုလာပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေ တာပါ။

ပုံ- ၂၀၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်မအောင်လို့ စိတ်ညစ်နေတဲ့ ရော်နယ်ဒို။ (Gola)

ပေါ်တူဂီအသင်းဟာ ဆားဘီးယားအသင်းကို နောက်ဆုံးမိနစ်မှာ ပေးခဲ့ရတဲ့ ဂိုးကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်မယ့် အခွင့်အရေးကို လက်လွတ်ခဲ့ရတဲ့အတွက် ရော်နယ်ဒိုအနေနဲ့ ဒေါသပေါက်ကွဲနေတာ ဖြစ်ပါတယ်။

စက်တင်ဘာလကမှ မန်ချက်စတာယူနိုက်တက် အသင်းကို တကျော့ပြန် ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ သူစီးနင်းနေကျ ပေါင် ၁၆၀၀၀၀ (တစ်သိန်းခြောက်သောင်း)တန် လမ်ဘော်ဂနီ ကားကနေ ဘန်တလေကားကို ပြောင်းလဲစီးနင်းခဲ့တာ ဖြစ်ပါ တယ်။

ရော်နယ်ဒိုဟာ ဖန်ဆီကားတွေကို ချစ်မြတ်နိုးပြီး တန်ဖိုးကြီးကားတွေကို စုဆောင်းတက်တဲ့သူလည်း ဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ အခုနွေရာသီ အစောပိုင်းကလည်း ဖာရာရီရဲ့ မာရာနယ်လိုစက်ရုံကို သွားရောက်ကြည့်ရှုပြီး ပေါင် ၁ ဒသမ ၄ သန်း တန် ကြေးရှိတဲ့ ဖာရာရီမွန်ဇာ ကားတစ်စီးကို မှာယူခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာ ၁၀ စီးတည်းသာထုတ်တဲ့ ပေါင် ၈ ဒသမ ၅ သန်း တန်ကြေးရှိတဲ့ Bugatti Centodieci ဇိမ်ခံကားကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဇိမ်ခံအိမ်တွေ၊ ကိုယ်ပိုင် ဂျက်လေယာဉ်တွေကိုလည်း ပိုင်ဆိုင် ထားတာဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေလည်း အများအပြား ရှိနေတာဖြစ်ပါတယ်။

Source:The Sun.co.uk