၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၉

နယ်သာလန်ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ပရိုမတ်စ်ဟာ ပြီးခဲ့တဲ့နှစ်က မိသားစုဝင်တဦးကို ဓားနဲ့ထိုးပြီး လူသတ်ရန်ကြိုးပမ်းမှုနဲ့ စွဲချက်တင်ခံလိုက်ရတယ်လို့ ဘီဘီစီ က ဖော်ပြပါတယ်။

စပါးတပ်မော်စကိုအသင်းရဲ့ ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က မိသားစုပါတီမှာ တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ဆွေမျိုးတဦးရဲ့ဒူးကို ပြင်းထန်စွာဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဒီ အဖြစ်အပျက်နဲ့ပတ်သက်ပြီး ရဲတွေက စုံစမ်းမေးမြန်းမှုပြုလုပ်ခဲ့ပြီး ၂ ညတာ ဖမ်းဆီးချုပ်နှောင် ခံခဲ့ရတာဖြစ်ပါတယ်။

အသက်၂၉ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားကတော့ ဒီစွပ်စွဲချက်တွေအားလုံးကို ငြင်းဆန်ထားပါတယ်။ အစိုးရရှေ့နေတွေကတော့ သူတို့ဟာ ပရိုမတ်စ်ကို လူသတ်ရန် ကြိုးပမ်းမှု၊ကျုးလွန်မှုတွေနဲ့ စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောထားပါတယ်။ အေဂျတ်စ်အသင်းမှာ ၂၀၁၉ ကနေ ၂၀၂၁ အထိ ကစားခဲ့တဲ့ ပရိုမတ်စ်ကို ဒတ်ချ်မီဒီယာတွေက သံသယရှိသူအဖြစ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီ အဖြစ်အပျက်ဟာ မိသားစုပါတီမှာ ဖြစ်ပွား ခဲ့တာလို့ အစိုးရရှေ့နေတွေက ပြောခဲ့တာပါ။

နယ်သာလန်နိုင်ငံပိုင်ရုပ်သံလိုင်း NOS က ပရိုမတ်စ် ဟာ အငြင်းအခုန်ဖြစ်ပွားပြီးနောက် ဆွေးမျိုးတဦးရဲ့ ဒူး ခေါင်းအောက်ကို သက်သေအများအပြားရှေ့မှာ ဓားနဲ့ထိုးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ပရိုမတ်စ်ရဲ့ဆွေမျိုးဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရခဲ့ပြီး မနှစ်က နိုဝင်ဘာလမှာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒီ အဖြစ်အပျက် တွေကြောင့် ပရိုမတ်စ် ဟာ ထောင်ဒဏ် ၂၄ လကနေ ၄၂ လအထိ ချမှတ်ခံရနိုင်တယ်လို့ NOS က ပြောကြား ထားပါတယ်။

တရားရုံးကတော့ ကြားနာမယ့်ရက်ကို မသတ်မှတ်ရသေးတာလည်းဖြစ်ပါတယ်။ပရိုမတ်စ်ရဲ့ရှေ့နေကတော့ သူ့ရဲ့ အမှုသည်ဟာ ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ပရိုမတ်စ်ဟာ နယ်သာလန် လက်ရွေးစင်အတွက် ၂၀၁၄ က ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး ပွဲပေါင်း ၅၀ ပါဝင်ကစားထားကာ ၇ ဂိုးသွင်းယူ နိုင်ခဲ့ပါ တယ်။ သူဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချက်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ နယ်သာလန်လက်ရွေးစင်အတွက် နောက်ဆုံး ပါဝင်ကစားထားခဲ့တာလည်းဖြစ်ပါတယ်။

Source-bbc