CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၉
ပြင်သစ်လက်ရွေးစင် ကစားသမားဟောင်း ပီတစ်က ဇီဒန်းဟာ အင်္ဂလိပ်စာ လေ့လာသင်ကြားနေပြီဖြစ်တယ်လို့ ပြောလိုက်ပါ တယ်။
တပြိုင်တည်းမှာပဲ ဇီဒန်းကို မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးမှုတွေ လည်း ထွက်ပေါ်လာနေပါတယ်။
လက်ရှိ နော်ဝေလူမျိုး ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြအဖြစ် ဆက်ရှိနေပေမယ့် အသင်းကတော့ သူ့ရဲ့နေရာမှာ အစားထိုးဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ဇီဒန်းဟာ ပြီးခဲ့တဲ့ ရာသီအကုန်က ရီးရယ်လ် အသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။
ပုံ-ဇီဒန်းကိုတွေ့ရစဉ်။ (Manchester Evening News)
ပီတစ်ကတော့ ဇီဒန်းဟာ အင်္ဂလိပ်စာ သင်ကြားနေပြီ ဖြစ်ပေမယ့် သူ့ရဲ့ လက်ရွေးစင် အသင်းဖော်ဟာ အိုးထရက်ဖိုဒ့်ကို ပြောင်းရွှေ့မလားဆိုတာကို သံသယရှိနေတာလည်း ဖြစ်ပါတယ်။
ပီတစ်က “ခင်ဗျားအနေနဲ့ ဘောလုံးအသင်းရဲ့ မန်နေဂျာတစ်ဦးဆိုရင် မတူညီတဲ့ စကားတွေ ပြောတတ်ဖို့ လိုပါတယ်။ ဇီဒန်း ဟာ ဘာသာစကား အများအပြား ပြောတက်တာသိပေမယ့် အင်္ဂလိပ်စာက ဒီထဲက မဟုတ်တာတော့ မသေချာပါဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် ပီတစ်က“တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေးက အလွန်အရေးကြီးပါတယ်။ မန်ချက်စတာယူနိုက်တက်လို ကလပ် အသင်းကြီးကို ရောက်တဲ့အချိန်မှာ ဘာသာစကား မပြောတက်ရင် ဒါဟာ ပြဿနာကြီး တစ်ခုဖြစ်လာနိုင်ပါတယ်။ သူဟာ အင်္ဂလိပ်စာကို မကြာသေးခင်ကမှ သင်ယူခဲ့တယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ နည်းပြဘဝအတွက် အရေးကြီး တယ်ဆိုတာကို သူသိပါတယ်။ ဒါပေမယ့် ဇီဒန်းက မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်တာကို ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျနော်မယုံကြည်ပါဘူး”လို့ ပြောခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်လာဖို့ လက်စတာ အသင်းနည်းပြ ရော်ဂျာကလည်း ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်စတာ နည်းပြကတော့ ဒီသတင်းတွေကို ငြင်းဆန်ထားပြီး လက်စတာအတွက်သာ အာရုံစိုက် ထားတယ်လို့ ပြောခဲ့ပါတယ်။
Source:Sportsmole.co.uk