CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၉
ဘာစီလိုနာအသင်းကို တကျော့ပြန်ရောက်ရှိလာတဲ့ အဲလ်ဗတ်စ်အနေနဲ့ စာချုပ်သက်တမ်းမကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ယူရိုသန်း ၁၀၀ ပြန်ပေးရမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒန်နီအဲလ်ဗတ်စ် ဟာ ဗုန္ဓဟူးနေ့ကမှ အသင်းနဲ့တရားဝင်မိတ်ဆက်၊ လတ်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ နည်းပြသစ် အဖြစ် ဇာဗီကို မိတ်ဆက်ခဲ့တာထက်တောင် အဲလ်ဗတ်စ်ကို မိတ်ဆက်ခဲ့ရာမှာ ပရိသတ်တွေ အများအပြား လာခဲ့တာပါ။ RAC 1 ရေဒီယိုဌာနကတော့ အဲလ်ဗတ်စ် ရဲ့စာချုပ်အသေးစိတ်ကို ကြာသပတေးနေ့က ဖော်ပြ ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ အဲလ်ဗတ်စ် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ဘရာဇီးလ်ကစားသမားအနေနဲ့ စာချုပ်မကုန်ခင် အသင်းကနေ ထွက်ခွာလို့မရတဲ့ အာမခံချက် ပါဝင်နေတာပါ။ အဲလ်ဗတ်စ်အနေနဲ့ ဇွန်လမှာ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ဘာစီလိုနာအသင်းကို ယူရိုသန်း ၁၀၀ ပေးရမှာဖြစ်တယ်လို့ စာချုပ်ထဲမှာ ပါဝင်နေခဲ့တာ လည်း ဖြစ်ပါတယ်။ ဒီစာချုပ်ထဲမှာ နောက်ထပ် ၁ နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်တော့မပါဝင်ပေမယ့် ကလပ် အသင်းနဲ့ ကစားသမားတို့ကသာ သဘောတူညီခဲ့မယ်ဆိုရင် ၂၀၂၂ ဇွန်လမှာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးဖွယ် ရှိတယ်လို့လည်း သိရပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ အဲလ်ဗတ်စ် ဟာ ဘာစီလိုနာအသင်းမှာ တပတ်လုပ်ခလစာ ၁ ယူရိုသာ ယူပြီး အသင်းကို အကူအညီပေးဖို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီလို စာချုပ်တွေရှိနေပေမယ့် အဲလ်ဗတ်စ် ကတော့ စာချုပ် ကုန်ဆုံးတဲ့အထိ နူးကမ့်ပ်မှာပဲ ဆက်ရှိမှာကတော့ အသေအချာပါပဲ။ ဘာစီလိုနာအသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြ ရော်နယ်လ်ကိုးမန်းကို ရာထူးက ထုတ်ပယ်ပြီး ကစားသမားဟောင်း ဇာဗီ ကို နည်းပြသစ်အဖြစ် ခန့်အပ် ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အသင်းဖော်ဟောင်း အဲလ်ဗတ်စ် ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
အဲလ်ဗတ်စ် ဟာ ဘာစီလိုနာအသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေပေမယ့် ဇန်နဝါရီမှသာ အသင်းအတွက် ပွဲဦးထွက် ပါဝင်ခွင့်ရမှာပါ။ ဘရာဇီးလ်ကစားသမားဟာ ဘာစီလိုနာအသင်းမှာ ကျောနံပတ် ၈ ဂျာစီကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါအမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ထိပ်ဆုံးနေရာက ဆိုစီဒက်အသင်းနဲ့ ၁၁ မှတ်ကွာဟနေတာပါ။ စပိန်ကလပ်ဟာ ဒီ တပတ်မှာတော့ အက်စပန်ညို အသင်းနဲ့လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source-besoccer.com