CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၈
ဖက်ဒဲရားဟာ သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ မပါဝင်နိုင်တော့ကြောင်း အတည်ပြုလိုက်ပြီး ဝင်ဘယ်လ်ဒန် အိုးပန်း ပြိုင်ပွဲမှာလည်း ပါဝင်ဖို့ မသေချာတော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။
ဂရမ်းဆလမ်းဆုဖလား အကြိမ် ၂၀ ရရှိထားတဲ့ ဖက်ဒဲရားဟာ ဒူးဒဏ်ရာခွဲစိတ်မှုတွေကြောင့် ဇူလိုင်လက ဝင် ဘယ်လ်ဒန်အိုးပန်း ကွာတားဖိုင်နယ်မှာ အရေးနိမ့်ပြီးကတည်းက ပြိုင်ပွဲတွေမယှဉ်ပြိုင်ရသေးတာဖြစ်ပါတယ်။ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဆွစ်ဇာလန်ကစားသမားက လာမယ့်နွေရာသီအထိ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ကြောင်း မျှော်လင့်ထားတာပါ။
ဖက်ဒဲရား က“ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ ကစားနိုင်ခဲ့ရင် ကျနော် အလွန်အံသြသွားပါလိမ့်မယ်။ ဇန်နဝါရီမှာတော့ အေးအေးဆေးဆေးနဲ့ပြေးနိုင်မှာပါ။ မတ်လ ဒါမှမဟုတ် ဧပြီလ မှာတော့ ကွင်းထဲမှာ လေ့ကျင့်မှုတွေ ပြုလုပ် နိုင်ပါလိမ့်မယ်။ အဲဒါကြောင့် ၂၀၂၂ နွေရာသီမှာ ပြိုင်ပွဲတွေပြန်လည်ယှဉ်ပြိုင်နိုင်မယ်လို့ ခန့်မှန်းမိပါတယ်" လို့ ပြောပါတယ်။ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲကတော့ ဇွန်လ ၂၇ ရက်မှာ စတင်ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ ဖက်ဒဲရားဟာ ထိပ်ဆုံးအဆင့်တွေကို ပြန်သွားနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတာလည်း ဖြစ်ပါတယ်။
“ကျနော့်ရဲ့ရည်မှန်းချက်က နောက်ဆုံးအကြိမ်မှာ ကျနော်ဘာတွေလုပ်နိုင်လဲဆိုတာကို ကြည့်ဖို့ပါပဲ။ ကျနော် ကိုယ်တိုင်လည်း တင်းနစ်ကွင်းမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နှုတ်ဆက်ချင်ပါသေးတယ်။ ဒါကြောင့်လည်း ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ အရာအားလုံးကို ပေးထားခဲ့တာပါ။ ဂရမ်းဆလမ်း ဗိုလ်လုပွဲတွေ ထပ် မကစား ရရင်လည်း ကျနော့်ဘဝက ပြိုလဲသွားမှာတော့ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်၊
ဖက်ဒဲရား၊နာဒယ်လ်နဲ့ ဂျိုကိုဗစ်တို့ဟာ အမျိုးသားတင်းနစ်လောကရဲ့အအောင်မြင်ဆုံးသူတွေဖြစ်ကြပြီး သြစ တြေးလျ အိုးပန်းပွဲစီစဉ်သူတွေက ဒီပြိုင်ပွဲမှာ သူတို့ ၃ ဦးစလုံး ပါဝင်နိုင်ဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။ နာဒယ်လ်ကတော့ ခြေဖဝါးဒဏ်ရာနဲ့ ရုန်းကန်နေရဆဲဖြစ်ပေမယ့် ဒီပွဲမှာ ပါဝင်နိုင်မယ်လို့ ပြောထားပါတယ်။ ဂျိုကိုဗစ်ကတော့ ဒီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် အတည်မပြုနိုင်သေးဘူးလို့ သတင်းတွေမှာ ဖော်ပြ ထားပါတယ်။
Source-bbc.com