CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၂

ဂျာမနီလက်ရွေးစင်အသင်းရဲ့ ဝါရင့်ဂိုးသမား နူအာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် နောက်ဆုံး ပါဝင်ကစားပေးပြီးနောက် အနားယူပြီလို့ ကြေညာခဲ့ပါတယ်။ 

၂၀၀၉ ခုနှစ်မှာ ဂျာမနီအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ နူအာဟာ ပွဲပေါင်း ၁၂၄ ပွဲ ပါဝင်ကစားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်နဲ့ ယူရိုပြိုင်ပွဲ ၄ ကြိမ် ပါဝင်ကစားခဲ့တာပါ။ 

အသက် ၃၈ နှစ်အရွယ်ရှိ ဘိုင်ယန်မြူးနစ်အသင်း ဂိုးသမား နူအာဟာ ဂျာမနီအသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ယူရိုပြိုင်ပွဲမှာတော့ အောင်မြင်မှု ရယူနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

နူအာက “ကျနော့်ရဲ့ ဂျာမနီကစားသမားဘဝဟာ အဆုံးသတ်သွားပါပြီ။ ဒီဆုံးဖြတ်ချက်က ကျနော့်အတွက် မလွယ် ဘူးဆိုတာ ကျနော်နဲ့ သိတဲ့လူတိုင်းက သိပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က ယူအေအီးနဲ့ ပွဲဦးထွက်ဟာ ကျနော့်ကို အလွန်စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ကျနော်တို့ဟာ အတက်အကျတွေအများကြီးရှိခဲ့ပါတယ်။ အသင်းဖော်တွေနဲ့ ကွင်းထဲမှာ အချိန်အကြာကြီးရှိခဲ့ပြီး ၇ နှစ်ကြာ အသင်းခေါင်းဆောင် ဖြစ်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူပါ တယ်”လို့ သူ့ရဲ့အင်စတာဂရမ်မှာ ပြောခဲ့တာပါ။ 

 နူအာကို တွေ့ရစဉ်

နူအာ မတိုင်ခင် တိုနီကရူးစ်၊ မူလာနဲ့ ဂန်ဒိုဂန်တို့ကလည်း ဂျာမနီလက်ရွေးစင် အသင်းကနေ အနားယူကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဂျာမနီအသင်းဟာ ဝါရင့်ကစားသမားတွေရဲ့နေရာမှာ လူငယ်ကစားသမားတွေနဲ့ အစားထိုးရတော့ မှာဖြစ်ပြီး ဘာစီလိုနာအသင်း ဂိုးသမား တာစတီဂျန်အတွက်လည်း ဂျာမနီအသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်လာ ဖို့ အခွင့်အရေးရလာခဲ့ပြီဖြစ်တာပါ။ 

နူအာကတော့ လက်ရှိအချိန်မှာ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ထားတဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် အပြည့်အဝ အာရုံစိုက်တော့မှာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားနေခဲ့တဲ့ နူအာဟာ ပွဲပေါင်း ၅၂၂ ပွဲ ပါဝင်ကစားထားပြီး ဘွန်ဒက်လီဂါဖလား ၁၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရှိထားတာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီသစ် ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် သြဂုတ် ၂၅ ရက်မှာ ဝုလ်ဖ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN