CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃
ဂျာမနီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်လူ ကင်မစ်ချ်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ် ကြောင်း အတည်ပြုခဲ့ပါတယ်။
ဂျာမနီအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဂန်ဒိုဂန် အပါအဝင် ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ တိုနီကရူးစ်၊ မူလာနဲ့ နူအာတို့ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ နိုင်ငံအသင်းကနေ အနားယူခဲ့ကြတာပါ။
အဲဒါကြောင့် ဂျာမနီအသင်းဟာ ကင်မစ်ချ်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်း နောက်ခံလူ ရူဒီဂါနဲ့ အာဆင်နယ်အသင်း တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်တို့ဟာ ကင်မစ်ချ်ရဲ့ နောက်မှာ ဒုတိယအသင်း ခေါင်းဆောင်အဖြစ် ရှိနေမှာပါ။
ကင်မစ်ချ်ဟာ လာမယ့် ဟန်ဂေရီ၊ နယ်သာလန်အသင်းတို့နဲ့ နေးရှင်းလိဂ်ပွဲတွေမှာ ဂျာမနီအသင်းရဲ့ အသင်း ခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ရတော့မှာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ကင်မစ်ချ်ဟာ အရင်ကလည်း အသင်းခေါင်းဆောင်တွေ မပါဝင်နိုင်တဲ့ အချိန်မှာ ဂျာမနီ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာပါ။
နူအာကို တွေ့ရစဉ်
ဂျာမနီအသင်းအတွက် ပွဲပေါင်း ၉၁ ပွဲ ပါဝင်ကစားထားတဲ့ ကင်မစ်ချ်ဟာ နိုင်ငံအသင်း ကစားသမားဘဝမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ၁၇ ကြိမ် ဝတ်ဆင်ခဲ့တယ်လို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်က ပြောခဲ့ပါတယ်။
ဂျာမနီအသင်းနည်းပြ နာဂျယ်လ်စမန်းက ကင်မစ်ချ်ဟာ ဒီအစုအဖွဲ့ရဲ့ စံပြကစားသမားဖြစ်တယ်လို့ ပြောခဲ့ပြီး ဘာစီလိုနာအသင်းဂိုးသမား တာစတီဂျန်ဟာ နိုင်ငံအသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်လာမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။
တာစတီဂျန်ဟာ ဂျာမနီအသင်းအတွက် ၂၀၁၂ ခုနှစ်မှာ ပွဲထွက်ခွင့် ရခဲ့ပေမယ့် ဂိုးသမား နူအာရဲ့ အရန်ဂိုးသမား အဖြစ်သာ ဖြတ်သန်းခဲ့ရပါတယ်။
အခုအချိန်မှာ နူအာ အနားယူသွားခဲ့ပြီဖြစ်လို့ တာစတီဂျန်ဟာ ဂျာမနီအသင်းအတွက် အဓိကပြိုင်ပွဲတွေမှာ ပါဝင်ကစားဖို့ အခွင့်အရေးရလာခဲ့တာပါ။
ဂျာမနီအသင်းဟာ နေးရှင်းလိဂ် ပွဲစဉ်တွေအဖြစ် စက်တင်ဘာ ၇ ရက်မှာ ဟန်ဂေရီ၊ ၁၀ ရက်မှာ နယ်သာလန် အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: ESPN