CNI Sport News

၂၀၂၄ ခုနှစ်၊  သြဂုတ် ၁၂

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ နောက်ခံလူ တင်ဘာကို လာမယ့် အပတ်ထဲ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်နေပြီး တိုမီယာဆုကတော့ ကာလရှည် အနားယူရဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ 

အာတီတာက “တင်ဘာဟာ တစ်ဦးချင်း လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ သူဟာ လာမယ့်အပတ်မှာ အသင်းနဲ့ အတူ လေ့ကျင့်မှုပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။ တိုမီယာဆုကတော့ ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရပါလိမ့်မယ်။ အဲဒါကြောင့် သူနဲ့ ပတ်သက်ပြီး ကျနော်တို့ စိတ်ရှည်ရမှာပါ”လို့ ပြောခဲ့ တာပါ။ 

တင်ဘာဟာ ပြီးခဲ့တဲ့နှစ်က အေဂျက်စ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက အာဆင်နယ်အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားထားပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ 

သူဟာ လေဗာကူဆင်၊ လိုင်ယွန်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာလည်း အာဆင်နယ်အသင်းအတွက် မပါဝင်နိုင်ခဲ့ ပါဘူး။ 

တိုမီယာဆုနဲ့ တင်ဘာတို့ကိုတွေ့ရစဉ်

တိုမီယာဆုကတော့ ရာသီကြိုအစပိုင်းမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ ရာသီအစပွဲစဉ် အချို့ကို လွဲချော်မှာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဘိုလော့ဂ်နာအသင်းကနေ ခေါ်ယူ ထားတဲ့ နောက်ခံလူ ကာလာဖီအိုရီအပေါ် အသင်းပရိသတ်တွေရဲ့ တုန့်ပြန်မှုအပေါ် နှစ်သက်တယ်လို့လည်း ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ရာသီသစ် မစတင်ခင် ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ လီဗာပူးလ်အသင်း တစ်သင်းတည်းကိုသာ အရေးနိမ့်ခဲ့ပြီး ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။ 

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ်အသင်းဟာ ရာသီသစ်လိဂ် အဖွင့်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ သြဂုတ် ၁၇ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: Metro