CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၇

အိုလံပစ်ပြိုင်ပွဲမှာ ဖိလစ်ပိုင်နိုင်ငံအတွက် ကျွမ်းဘားအားကစားနည်းကနေ ရွှေတံဆိပ်တွေရယူနိုင်ခဲ့တဲ့ ကားလို့စ်ယူလိုဟာ နိုင်ငံထံကနေ ကြီးမားတဲ့ ဆုချီးမြှင့်မှုတွေရရှိမှာဖြစ်ပြီး နိုင်ငံထံပြန်ရောက်ချိန်မှာ သူရဲကောင်း သဖွယ် ကြိုဆိုမှုကို ခံရမှာဖြစ်ပါတယ်။

ကားလို့စ်ယူလိုဟာ အိုလံပစ်ပြိုင်ပွဲမှာ ဖိလစ်ပိုင်နိုင်ငံအတွက် ရွှေတံဆိပ် ၂ ခု ရယူပေးနိုင်ခဲ့တာပါ။ 

CNBC က အသက် ၂၄ နှစ်အရွယ်ရှိအားကစားသမားဟာ ရွှေတံဆိပ်အပြင် ကြီးမားတဲ့ ဆုချီးမြှင့်မှုတွေကို ရရှိမယ်လို့ ဖော်ပြ ထားပါတယ်။ 

ကားလို့စ်ယူလိုဟာ ဖိလစ်ပိုင်အစိုးရထံကနေ ပီဆို ၁၀ သန်း၊အောက်လွှတ်တော်ထံကနေ နောက်ထပ် ပီဆို ၆ သန်းရရှိမယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ကားလို့စ်ယူလိုဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် တွေရဲ့ ပံ့ပိုးမှုတွေကိုလည်း ရဖို့ရှိနေတာပါ။

ဖိလစ်ပိုင်ကျွမ်းဘားအားကစားသမားဟာ Taguig City ရှိ အိပ်ခန်း ၃ ခန်းပါ ကွန်ဒိုအခန်းကို လက်ဆောင်အဖြစ် ရရှိမှာဖြစ်သလို နောက်ထပ်ထောက်ပံ့မှုအချို့ကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။ 

ကားလို့စ်ယူလိုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အိုလံပစ်သမိုင်းမှာ ရွှေတံဆိပ်အများဆုံးရယူနိုင်တဲ့ အားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ၂၀၂၄ အိုလံပစ် ပြိုင်ပွဲဟာ ဖိလစ်ပိုင်နိုင်ငံအတွက် အအောင်မြင်ဆုံးပြိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။

ကားလို့စ်ယူလိုဟာ အိုလံပစ်ပြိုင်ပွဲမတိုင်ခင်က ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၊အာရှချန်ပီယံရှစ်ပြိုင်ပွဲနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ တွေမှာလည်း ရွှေတံဆိပ်အများအပြားရယူနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ 

ယူလိုက သူဟာ အိုလံပစ်ပြိုင်ပွဲမှာ အကောင်းဆုံးစွမ်းဆောင်ရည် ပြသနိုင်ဖို့ပဲ မျှော်လင့်ခဲ့ပြီး ဆုတံဆိပ်ကို မမျှော်လင့်ခဲ့ပေမယ့် ဒါဟာ သူ့အတွက် အပိုဆုတစ်ခုလိုခံစားခဲ့ရတယ်လို့ ပြောထားတာပါ။ 

ဖိလစ်ပိုင်အားကစားအဖွဲ့ဟာ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ ခုနဲ့ ကြေးတံဆိပ် ၁ ခု ရယူထားတာ ဖြစ်ပါတယ်။

Source:DailyMail