CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၇

ဘာစီလိုနာအသင်းဟာ အော်လ်မိုကို ခေါ်ယူဖို့ လိုက်ပ်ဇစ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကစားသမား ဟာ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ ဘာစီလိုနာကို ရောက်ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထား ပါတယ်။ 

ဘာစီလိုနာအသင်းဒါရိုက်တာ ဒေကိုဟာ အော်လ်မိုရဲ့ အပြောင်းအရွှေ့အတွက် လိုက်ပ်ဇစ်ကို သွားရောက်ပြီး ကလပ်အသင်း၊ အေးဂျင့်ဖြစ်သူတို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် အပြောင်းအရွှေ့ဖြစ်ဖို့ သဘောတူညီမှု ရခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ အော်လ်မိုအတွက် လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းနဲ့ စွမ်းဆောင်ရည် အပေါ် အခြေခံကာ နောက်ထပ် ယူရို ၇ သန်း ထပ်ပြီးပေးချေရမှာ ဖြစ်ပါတယ်။ 

စပိန်ကလပ်ဟာ သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားကို ၂၀၃၀ ခုနှစ်အထိ ၆ နှစ် စာချုပ်ချုပ်ဆိုသွားမှာပါ။

ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်း တောင်ပံကစားသမား နီကိုဝီလီယံစ်ကို ခေါ်ယူဖို့ အဆင်မပြေ ခဲ့ပြီးနောက် အော်လ်မိုကို အဓိကပစ်မှတ်အဖြစ် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ 

အော်လ်မိုကို တွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ လိုက်ပ်ဇစ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိခင်ကတည်းက အော်လ်မိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကို ရယူနိုင်ခဲ့တာပါ။

အော်လ်မိုဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ၃ ဂိုး သွင်းယူကာ ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့သူဖြစ်ပါတယ်။

အော်လ်မိုဟာ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ပြီးရင် အသင်းဖော်အသစ်တွေနဲ့ လေ့ကျင့်မှု တွေ ပြုလုပ်သွားဖို့ရှိနေတာပါ။

အသက် ၂၆ နှစ်အရွယ်ရှိ အော်လ်မိုဟာ ဘာစီလိုနာလူငယ်အသင်းမှာ ၂၀၀၇ ကနေ ၂၀၁၄ ခုနှစ်အထိ ရှိခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ပွဲကစားခွင့်ရဖို့အတွက် ဒိုင်နမိုဇာဂရက်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

အော်လ်မိုဟာ ဒိုင်နမိုဇာဂရက်အသင်းမှာ ၂၀၂၀ ခုနှစ်အထိ ကစားပြီးနောက် လိုက်ပ်ဇစ်အသင်းထံ ပြောင်းရွှေ့ ခဲ့တာပါ။

အော်လ်မိုဟာ လိုက်ပ်ဇစ်အသင်းအတွက် ၁၄၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၉ ဂိုး သွင်းယူကာ ပိုကယ်ဖလား ၂ ကြိမ်နဲ့ စူပါဖလား ၁ ကြိမ်  ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source: ESPN