CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀ 

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာက အိုလံပစ်ပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲစဉ်ဖြစ်တဲ့ ကနေဒါကြက်တောင်မယ် မစ်ရှယ်လီနဲ့ ပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် မျှော်လင့်ထားသလို အနိုင်မရခဲ့တဲ့အတွက် တောင်းပန်ကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

သက်ထားသူဇာဟာ ဒီပွဲမှာ မီရှယ်လီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပေမယ့် ၂၁-၁၆၊ ၂၅-၂၃ နဲ့ ၂ ပွဲပြတ် အရေးနိမ့်ခဲ့ တာပါ။ 

သက်ထားသူဇာဟာ အုပ်စုတွင်း ပထမပွဲစဉ်မှာလည်း ဂျပန်ကြက်တောင်မယ်ကို အရေးနိမ့်ခဲ့တာကြောင့် ၂ ပွဲ ကစား ၂ ပွဲရှုံးနဲ့ အိုလံပစ်ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

 သက်ထားသူဇာကို တွေ့ရစဉ် (THET HTAR Thuzar FB)

သက်ထားသူဇာက အိုလံပစ်ပြိုင်ပွဲမှာ ရလဒ်မကောင်းခဲ့ပေမယ့် အားပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင် ကြောင်းလည်း ပြောခဲ့တာပါ။

သက်ထားသူဇာက "ကျမရဲ့ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲက အဆုံးသတ်သွားခဲ့ပါပြီ။ အုပ်စုဒုတိယပွဲစဉ်မှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် အားလုံးမျှော်လင့်ထားသလို အနိုင်မရခဲ့တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ ကွင်းထဲထိ ရော၊ အွန်လိုင်းကနေပါ အားပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်"လို့ ရေးသားခဲ့တာပါ။ 

ကမ္ဘာ့အဆင့် ၄၃ ရှိ သက်ထားသူဇာဟာ ပြီးခဲ့တဲ့ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အိုလံပစ်ပြိုင်ပွဲ ၂ ကြိမ်စလုံး အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။