CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းဂိုးသမား ရမ်စဒေးလ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ရမ်စဒေးလ်ဟာ အာဆင်နယ်အသင်းက စပိန်လက်ရွေးစင် ဒေးဗစ်ရာယာကို ခေါ်ယူပြီးနောက် ပုံမှန်ပွဲကစားခွင့် ဆုံးရှုံးခဲ့ပြီး ပွဲကစားခွင့်ရဖို့အတွက် အသင်းကနေ ထွက်ခွာချင်နေတာပါ။ 

ရမ်စဒေးလ်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းအတွက် ၁၁ ပွဲသာပါဝင်ကစားခွင့်ရခဲ့ပြီး ဒေးဗစ်ရာယာရဲ့ အရန်ဂိုးသမားအဖြစ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ရမ်စဒေးလ်ကို ပုံမှန်ပွဲထွက်ခွင့်ပေးပြီး ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ The Sun က ဖော်ပြထားတာပါ။

အာဆင်နယ်အသင်းဟာ ရမ်စဒေးလ်အတွက် ပေါင်သန်း ၅၀ ဈေးသတ်မှတ်ထားပေမယ့် နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ဒီပမာဏကို ပေးချေဖို့မရှိပါဘူး။ 

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးချိန် အထိ စောင့်ဆိုင်းပြီး ရမ်စဒေးလ်ကို ကာလတိုစာချုပ်နဲ့ ခေါ်ယူကာ သူ့ရဲ့လစာကို အပြည့်အဝပေးချေဖို့ မျှော်လင့် နေတာ ဖြစ်ပါတယ်။ 

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ရမ်စဒေးလ်ကို ခေါ်ယူမှုအဆင်မပြေရင် ပဲလေ့စ်အသင်း ဂိုးသမား ဆမ်ဂျွန်စတုန်းစ်ကို နောက်ထပ်ပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။

ဆမ်ဂျွန်စတုန်းစ်ဟာ ဒီနွေရာသီမှာ ပဲလေ့စ်အသင်းကနေ ထွက်ခွာဖို့ရှိနေပြီး သူ့ကို ခေါ်ယူဖို့ ဝုလ်ဗ်စ်၊ ဆောက်သမ်တန်၊ဘုန်းမောက်နဲ့ လက်စတာအသင်းတို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။ 

ဒါကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ ရမ်စဒေးလ်ကို ခေါ်ယူဖို့ အပြောင်းအရွှေ့နောက်ဆုံးနေ့အထိ စောင့်ဆိုင်း မယ်ဆိုရင် ဆမ်ဂျွန်စတုန်းစ်ကို လက်လွှတ်ရနိုင်တာပါ။ 

အာဆင်နယ်အသင်းကတော့ ရမ်စဒေးလ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဝုလ်ဗ်စ်အသင်းဂိုးသမား ဘန်တလေကို ကမ်းလှမ်းထားပေမယ့် ပယ်ချခံထားရပါတယ်။

ဘန်တလေဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲသာ ပါဝင်ကစားဖူးပေမယ့် အာဆင်နယ်အသင်းက ဒေးဗစ်ရာယာရဲ့ အရန်အဖြစ်ထားရှိဖို့ နောက်ထပ်ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်တာဖြစ်ပါတယ်။ 

Source:Metro

#အငှား #ရမ်စဒေးလ် #ဖောရက်စ် #cnisportnews #CNIMyanmar