CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆

မန်ချက်စတာယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယိုဖာဒီနန်က မန်စီးတီးနဲ့ ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်အပြီး မှာ တိုက်စစ်ကစားသမား နစ္စတယ်ရွိုင်းကို နည်းပြကြီး ဖာဂူဆန် ပွဲကြမ်းခဲ့တာနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာကို Metro သတင်းက ဖော်ပြခဲ့ပါတယ်။

ရီယိုဖာဒီနန်ဟာ သူ့ရဲ့ပထမဆုံး မန်ချက်စတာ ဒါဘီပွဲစဉ်နဲ့ ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောခဲ့တာ ဖြစ်ပါ တယ်။ ၂၀၀၂ ခုနှစ်က လိဒ်စ်ယူနိုက်တက်ကနေ ရောက်ရှိလာတဲ့ ရီယိုဖာဒီနန်ဟာ သူ့ရဲ့ ပထမဆုံး မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ အဝတ်လဲခန်းထဲကို ဝင်ရောက်လာတဲ့ နစ္စတယ်ရွိုင်းဟာ ဖာဂူဆန်ရဲ့ ဒေါသနဲ့ တွေ့ကြုံခဲ့ ရတာလည်း ဖြစ်ပါ တယ်။ နစ္စတယ်ရွိုင်းဟာ မန်စီးတီး ကစားသမားနဲ့ ဂျာစီချင်း လဲလှယ်ပြီး လာခဲ့တာကို နည်းပြကြီး ဖာဂူဆန်က ဒေါသထွက် ခဲ့တာလို့ ရီယိုဖာဒီနန်က ပြောခဲ့တာပါ။

ပုံ-နည်းပြ ဖာဂူဆန်နဲ့ နစ္စတယ်ရွိုင်းကိုတွေ့ရစဉ်။ (Daily Star)

ရီယိုဖာဒီနန်က “ကျနော်တို့ မန်စီးတီးကို (၃)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ရှောင်ဂုတ်တာက (၂)ဂိုး သွင်းယူခဲ့ပါတယ်။ ဒါဟာ ကျနော် ပထမဆုံးကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲဖြစ်ခဲ့ပြီး၊ အဝတ်လဲခန်းထဲမှာ ဘယ်လောက်ထိ ကြီးကျယ်လဲဆိုတာ သိလိုက်ရပါတယ်”လို့ ပြောပါတယ်။

“ကျနော်တို့ ဝင်လာပြီးအချိန်မှာ မန်နေဂျာက တံခါးကို ပိတ်ချပစ်လိုက်ပါတယ်။ တိတ်တဆိတ် အခြေအနေကနေ ရုတ်တရက် ဆိုသလို ပေါက်ကွဲလာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အသင်းမှာ ဘုရားသခင်လိုဖြစ်နေတဲ့ နစ္စတယ်ရွိုင်းက မန်စီးတီး ဂျာစီကို ကိုင်ပြီး လမ်းလျှောက်လာခဲ့ပါတယ်။ ဒီအချိန်မှာ ဖာဂူဆန်က သူ့ကို ရေလည်ပွဲကြမ်းတော့တာပါပဲ။ မင်းတို့ထဲက တစ်ဦးဦးက မန်စီးတီးဂျာစီကို ကိုင်ပြီး ဝင်လာတာကို နောက်တစ်ခါ ထပ်တွေ့မယ်ဆိုရင် မင်းတို့ ဒီကလပ်အတွက် ဘယ်တော့မှ ထပ် ကစားရတော့မှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

အရင်တုန်းက ဒီလိုဒါဘီပွဲတွေမှာ ကစားသမားအချင်းချင်း ရန်ဖြစ်ကြပြီး ပွဲကြမ်းခဲ့ကြပေမယ့် ဒီဘက် နောက်ပိုင်းမှာတော့ ကစားသမားတွေဟာ ပွဲပြီးရင် အချင်းချင်း ပွေ့ဖက်နှုတ်ဆက်တာတွေကို ပြုလုပ်လာကြတာကိုလည်း တွေ့မြင်နေရ ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး-ဂိုး မရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Source:Metro.co.uk