CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆
ဆားဘီးယားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ခဲ့လို့ ရရှိလာတဲ့ ဆုကြေးငွေအားလုံးကို နားမကျန်း ဖြစ်နေတဲ့ ကလေးတွေကို ကုသဖို့အတွက် ပြန်လှူသွားခဲ့ပါတယ်။
ဆားဘီးယား အသင်းဟာ ပေါ်တူဂီအသင်းကို အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့မယ်ဆိုရင် ယူရို ၁ သန်း ဆုကြေးအဖြစ် ပေးမယ်လို့ သမ္မတက ကတိပေးခဲ့တာ ဖြစ်ပါတယ်။
အခုလို သမ္မတရဲ့ ကတိပေးမှု ပြီးနောက် ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တာမှာ ဆားဘီးယားအသင်းဟာ ပေါ်တူဂီအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်သွားခဲ့တာပါ။
အဲ့ဒါကြောင့် ဆားဘီးယား သမ္မတက ယူရို ၁ သန်းကို ဆုကြေးအဖြစ်ပေးခဲ့ပြီး အသင်းသားတွေကတော့ ကလေးတွေအတွက် ပြန်လှူသွားခဲ့တာ ဖြစ်ပါတယ်။