CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉

ဝက်စ်ဟမ်းအသင်းဟာ ပြင်သစ်ကွင်းလယ်လူ ကန်တီကို အခုနွေရာသီ အပြောင်းအရွှေ့မှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ကန်တီရဲ့ အပြောင်းအရွှေ့အတွက် ဝက်စ်ဟမ်းနဲ့ အယ်လ်အစ်တီဟတ်အသင်းတို့အကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး သဘောတူညီမှု ရယူနိုင်ဖို့ မျှော်လင့်နေကြတာပါ။ 

ကန်တီဟာ အယ်လ်အစ်တီဟတ် အသင်းမှာရော ဆော်ဒီမှာပါ ပျော်ရွှင်နေပေမယ့် သူကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြန်လာဖို့ စိတ်ဝင်စားနေပါတယ်။ 

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းကနေ အငှားနဲ့ခေါ်ယူခဲ့တဲ့ ကယ်လ်ဗင်ဖီးလစ်ကို အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးကို ဈေးကွက်ထဲမှာ ရှာဖွေနေ တာပါ။ 

အဲဒါကြောင့် ကန်တီဟာ ဝက်စ်ဟမ်းအသင်းရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းအနေနဲ့ ကန်တီ ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ပေးချေရမယ်လို့ The Guardian က ဖော်ပြထားတာပါ။ 

ဝက်စ်ဟမ်းအသင်း နည်းပြသစ် လိုပီတီဂွီဟာ ကန်တီကို ကာလရှည်ကြာ နှစ်သက်တဲ့သူဖြစ်တဲ့အတွက် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အသင်းကို တွန်းအားပေးလာနိုင်ပါတယ်။

 ကန်တီကိုတွေ့ရစဉ်

လိုပီတီဂွီဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ချိန်က ကန်တီကို ခေါ်ယူချင်ခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာပါ။

ကန်တီဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ် ကုန်ဆုံးပြီးနောက် အယ်လ်အစ်တီဟတ်အသင်းနဲ့ ပေါင် ၁၇၂ သန်း တန်ကြေးရှိ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ကန်တီဟာ ချယ်လ်ဆီးအသင်းမှာ ၇ ရာသီကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ FA ဖလားတို့ကို ရယူနိုင်ခဲ့တာပါ။ 

ကန်တီဟာ ချယ်လ်ဆီးအသင်းထံ ၂၀၁၆ ခုနှစ်က မပြောင်းရွှေ့ခင် လက်စတာအသင်းမှာ ၁ ရာသီကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့ပါတယ်။ 

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကန်တီဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်အစ်တီ ဟတ် အသင်းအတွက် ၄၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၄ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Source: Dailymail