CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉

2024 AFF U-19 Boys Championship အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ ဇူလိုင် ၁၈ ရက်က ယှဉ်ပြိုင်ခဲ့တာမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီး သွင်းဂိုးတွေကို ဒုတိယပိုင်းမှ သွင်းယူနိုင်ခဲ့တာပါ။ 

မြန်မာအသင်းက ပွဲချိန် ၅၉ မိနစ်မှာ ဖြိုးပြည့်စုံရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၆၈ မိနစ်မှာ ဗီယက်နမ် အသင်းက ချေပဂိုးသွင်း ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ၂ သင်းစလုံးဟာ ပွဲအပြီးမှာ ၁ မှတ်စီခွဲယူခဲ့ရတာပါ။

မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စုတွင်းမှာ ဩစတြေးလျ၊ ဗီယက်နမ်၊ လာအိုအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ဗီယက်နမ်အသင်း ယှဉ်ပြိုင်နေစဉ်

ဒီအုပ်စုတွင်းရဲ့နောက်ထပ် ပွဲစဉ်တစ်ပွဲမှာ ဩစတြေးလျအသင်းက လာအိုအသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။

မြန်မာအသင်းဟာ ဇူလိုင် ၂၁ ရက်မှာ အုပ်စုဒုတိယပွဲစဉ်အဖြစ် လာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

AFF U-19 Boys Championship ပြိုင်ပွဲကို ဇူလိုင် ၁၇ ရက်ကနေ ၂၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတာပါ။  

ဒီပြိုင်ပွဲမှာ အုပ်စုတွင်းထိပ်ဆုံး ၃ သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယ ၁ သင်းတို့ဟာ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။