CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၆

ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဗီယက်နမ်နဲ့ မြန်မာအသင်းတို့ပွဲမှာ ဗီယက်နမ်အသင်းက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဗီယက်နမ်အသင်းဟာ မြန်မာအသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် ၉ မိနစ်နဲ့ ၃၅ မိနစ်မှာ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ ဂိုးကန်သွင်းခွင့်တွေ ရခဲ့ပေမယ့် ကန်သွင်းချက်တွေဟာ ထိရောက်မှုမရှိလို့ ပထမပိုင်းမှာ ဗီယက်နမ်အသင်းက မြန်မာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဗီယက်နမ်အသင်းက ကစားကွက် အသာစီးနဲ့ မြန်မာအသင်းကို ကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာ တတိယဂိုးကို လူကျွံထောင်ချောက်ကို ကျော်ဖြတ်ကာ သွင်းယူသွားပါတယ်။

ဗီယက်နမ်အသင်းဟာ တတိယဂိုး ရပြီးနောက်ပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့လို့ မြန်မာအသင်းက ချေပဂိုးသွင်းနိုင်ဖို့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အဲဒါကြောင့် ပွဲချိန် ၈၈ မိနစ်မှာ မြန်မာအသင်း ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူခဲ့ပါတယ်။

ဗီယက်နမ်အသင်းဟာ နောက်ထပ် သွင်းဂိုးရနိုင်မယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကြေးတံဆိပ် ရရှိသွားခဲ့ပါတယ်။

#မြန်မာအသင်း #အမျိုးသား #ဗီယက်နမ်အသင်း #အားကစား #CNImyanmar #cninews