CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈

အသက် ၁၄ နှစ်အရွယ်ရှိ ကာဗန်ဆူလီဗန်ဟာ ဖရက်ဒီအဒူးရဲ့ အသက်အငယ်ဆုံး မေဂျာလိဂ် ကစားသမား စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ကာဗန်ဆူလီဗန်ဟာ နယူးအင်္ဂလန်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ဖီလာဒဲလ်ဖီးယား အသင်းအတွက် လူစားဝင်ရောက်ပြီးနောက် မေဂျာလိဂ်ပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။ 

ကာဗန်ဆူလီဗန်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၈၅ မိနစ်မှာ ဖီလာဒဲလ်ဖီးယားအသင်းအတွက် လူစားဝင်ရောက် လာခဲ့တာ ဖြစ်ပြီး ဒီအချိန်မှာ သူ့အသက်ဟာ ၁၄ နှစ် ၂၉၃ ရက်ရှိပြီ ဖြစ်ပါတယ်။ 

မေဂျာလိဂ်ပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် အရင်က စံချိန်တင်ခဲ့တဲ့ ဖရက်ဒီအဒူးဟာ ၂၀၀၄ ခုနှစ် က ဒီစီယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ချိန်မှာ သူ့ရဲ့အသက်ဟာ ၁၄ နှစ် ၃၀၆ ရက်ဖြစ်တာပါ။ 

အဲဒါကြောင့် ကာဗန်ဆူလီဗန်ဟာ ဖရက်ဒီအဒူးရဲ့ နှစ်ပေါင်း ၂၀ အကြာ စံချိန်တစ်ခုကို ချိုးဖျက်ပြီး စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။ 

ကာလီဗန်ဆူလီဗန်ကိုတွေ့ရစဉ်

ဖရက်ဒီအဒူးက ချိုးဖျက်ရခက်တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ ကာဗန်ဆူလီဗန်ကို ဂုဏ်ပြုကြောင်း သူ့ရဲ့ ဆိုရှယ် မီဒီယာမှာ ရေးသားခဲ့တာပါ။

ကာဗန်ဆူလီဗန်နဲ့ ဖီလာဒဲလ်ဖီးယားအသင်းတို့ရဲ့ စာချုပ်ထဲမှာ ကစားသမားဟာ အသက် ၁၈ နှစ်ပြည့်ရင် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းထံ ပြောင်းရွှေ့နိုင်တဲ့အချက် ပါဝင်နေတယ်လို့ သိရပါတယ်။ 

ကာလီဆူလီဗန်ဟာ ဖီလာဒဲလ်ဖီးယား II အသင်းအတွက် ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြသ နိုင်ခဲ့တာကြောင့် အသင်းကြီး လူစာရင်းထံ ခေါ်ယူခြင်းခံခဲ့ရတာပါ။

ကာလီဗန်ဆူလီဗန်ဟာ ဖီလာဒဲလ်ဖီးယား အသင်းကြီးအတွက် ပါဝင်ခွင့်ရပြီးနောက် မြောက်အမေရိကန် အားကစားလိဂ်တွေမှာ အသက်အငယ်ဆုံး ပွဲဦးထွက်တဲ့သူ ဖြစ်လာခဲ့ပါတယ်။

ကာဗန်ဆူလီဗန်ဟာ အမေရိကန် ယူ-၁၅ အသင်းအတွက် ၅ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

Source: Goal