CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈

ရီးရယ်လ်အသင်းဟာ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ကို ၁ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ရီးရယ်လ်အသင်းနဲ့ မိုဒရစ်တို့ရဲ့ စာချုပ်ဟာ ပြီးခဲ့တဲ့ ဇွန်လက ကုန်ဆုံးခဲ့ပေမယ့် စာချုပ်သက်တမ်း တိုးခဲ့တာ ကြောင့် ခရိုအေးရှား ကစားသမားဟာ စပိန်ကလပ်မှာ သူ့ရဲ့ ၁၃ ရာသီမြောက်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ရ တော့မှာပါ။

အသက် ၃၈ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ရီးရယ်လ်အသင်းကို ၂၀၁၂ ခုနှစ်က စပါးအသင်းကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပွဲပေါင်း ၅၃၄ ပွဲ ပါဝင်ကစားထားကာ ၃၉ ဂိုး သွင်းယူပြီး လာလီဂါဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၆ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၆ ခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ နာချိုဟာ အသင်းက ထွက်ခွာသွားခဲ့သလို တိုနီကရူးစ်ကလည်း အနားယူသွားခဲ့တာကြောင့် မိုဒရစ်ဟာ ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာ ခဲ့တာပါ။ 

မိုဒရစ်ကို တွေ့ရစဉ်

မိုဒရစ်ဟာ ရီးရယ်လ်အသင်းနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီးနောက် ကမ္ဘာ့အကောင်းဆုံးအသင်းမှာ နောက်ထပ် တစ်နှစ်ထပ်ပြီး ကစားခွင့်ရလို့ အလွန်ပျော်ရွှင်ကြောင်း ပြောသွားခဲ့ပါတယ်။ 

မိုဒရစ်ဟာ ရီးရယ်လ်အသင်းနဲ့အတူ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို တစ်ဦးချင်းဆုတွေလည်း သိမ်းပိုက် နိုင်ခဲ့တာပါ။

မိုဒရစ်ဟာ ၂၀၁၈ ခုနှစ်ထဲမှာ ဘောလွန်းဒီအောဆု၊ ဖီဖာတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မိုဒရစ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခွာခဲ့ရတဲ့ ခရိုအေးရှားအသင်းအတွက် အုပ်စုပွဲစဉ် ၃ ပွဲစလုံး ပါဝင်ကစားခဲ့ပြီး ၁ ဂိုးသွင်းယူကာ ယူရိုပြိုင်ပွဲသမိုင်းမှာ အသက်အကြီးဆုံး ဂိုးသွင်းတဲ့သူအဖြစ် မှတ်တမ်း ဝင်ခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ရာသီသစ်မှာ ပြီးခဲ့တဲ့ရာသီက အောင်မြင်မှုတွေကို ဆက်ပြီး ထိန်းနိုင်ဖို့အတွက် ဘတ်ပီကို ခေါ်ယူနိုင်ခဲ့သလို မိုဒရစ်ကိုလည်း စာချုပ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။