CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၇

ရီးရယ်လ်အသင်းဟာ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ကို စာချုပ်သစ်ကမ်းလှမ်းမှာ မဟုတ်သလို ကစားသမားကလည်း အသင်းမှာ ၁၂ နှစ်ကြာရှိခဲ့တာကို နွေရာသီမှာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

မိုဒရစ်ဟာ၂၀၁၂ ခုနှစ်က စပါးအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ရီးရယ်လ်အသင်းကို ဆုဖလား အများအပြား ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး အကြီးကျယ်ဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ 

အခုအချိန်မှာတော့ ရီးရယ်လ်နဲ့ မိုဒရစ်တို့ဟာ စာချုပ်သစ် ချုပ်ဆိုမှာ မဟုတ်တော့တာကြောင့် ခရိုအေးရှား ကစားသမားဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့် ရသွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ပွဲကစားချိန် နည်းပါးနေတာကြောင့် နည်းပြ အန်ဆယ်လော့တီကို စိတ်ပျက်နေတာပါ။

ဒီအချိန်ကစပြီး မိုဒရစ်ဟာ မက်ဆီရှိတဲ့ အင်တာမိုင်ယာမီနဲ့ ရော်နယ်ဒိုရှိတဲ့ ဆော်ဒီပရိုလိဂ်ထံ သွားရောက်ဖို့ ချိတ်ဆက်မှု အများအပြား ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၈ ဘောလွန်းဒီအောဆုရှင်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုး ဖန်တီးထားတာပါ။

ရီးရယ်လ်အသင်းဟာ ဒီရာသီမှာ ချူအာမန်နီ၊ ဘယ်လင်ဂမ်၊ ကာမာဗင်ဂါနဲ့ ဗယ်လ်ဗာဒီတို့ကိုသာ ကွင်းလယ်မှာ အဓိက အသုံးပြုပြီး ဝါရင့်ကွင်းလယ်လူတွေဖြစ်တဲ့ တိုနီကရူးစ်နဲ့ မိုဒရစ်တို့ကို အလှည့်ကျအနေနဲ့ အသုံးပြုနေတာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ စပိန်လာလီဂါပွဲစဉ်အဖြစ် ဗီလာရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

လက်ရှိ စပိန်လာလီဂါ အမှတ်ပေးဇယားမှာ ရီးရယ်လ်အသင်းဟာ ဂျီရိုနာအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Goal