CNI Sport News 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၆

ဇူလိုင်လ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ONE Friday Fights ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ပွန်းဆီရိကို ဒုတိယမြောက် အချီမှာပဲ စိုးလင်းဦးက အလဲထိုး(ဒိုင်ပွဲရပ်)နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

စိုးလင်းဦးဟာ ဒီနိုင်ပွဲမှာတော့ အပိုဆုကြေးငွေ ဘတ် ၃ သိန်းခွဲကိုပါ ရရှိပိုင်ဆိုင် သွားခဲ့တာဖြစ်ပါတယ်။

စိုးလင်းဦးက " ဒီနေ့ ကျွန်တော် အနိုင်ရရှိတဲ့အတွက် အရမ်းကို ပျော်ပါတယ်။ ONE Championship က တာဝန်ရှိတဲ့ လူကြီးတွေကိုလဲ ‌ကျေးဇူးတင်ပါတယ်။ အခုချိန်ထိ ကျွန်တေ့နောက်မှာ မားမားမတ်မတ် ရပ်တည်ပေးနေသူတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ရုံအတွင်းမှာ လာအားပေးကြတဲ့ ပရိတ်သတ်တွေရော၊ TV Channel မှာ အားပေးနေကြတဲ့ ပရိတ်သတ်တွေရော၊ နိုင်ငံတကာမှာရှိကြတဲ့ ပရိတ်သတ်တွေရော အရမ်း ကျေးဇူးတင်ပါတယ် " လို့ ပြောခဲ့ပါတယ်။ 

စိုးလင်းဦးနဲ့ ပွန်းဆီရိတို့ဟာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ပထမအကြိမ် ရိုးရာလက်ဝှေ့ တွေ့ဆုံမှုမှာ တော့ ပူးတွဲသရေ ကျခဲ့တာဖြစ်ပါတယ်။ 

ပွန်းဆီရိဟာ မွေ့ထိုင်းကမ္ဘာ့ချန်ပီယံ ၄ ကြိမ်အထိ ရရှိထားသူ ဖြစ်ပါတယ်။

 စိုးလင်းဦး နှင့် ပွန်းဆီရိ တို့ ယှဥ်ပြိုင်နေစဥ်

ဒါကြောင့် ပွန်းဆီရိဟာ အတွေ့အကြုံရင့် ကစားသမား တစ်ယောက်ဖြစ်ပြီး ပွဲပေါင်း ၂၀၀ ကျော်လည်း ယှဥ်ပြိုင် ထားသူဖြစ်ပါတယ်။

MAN OF STEEL " SOE LIN OO " သံမဏိ စိုးလင်းဦးလို့ တင်စားခေါ်ဝေါ်ခြင်း ခံနေရတဲ့ စိုးလင်းဦးဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ( Masayoshi Tsuhashi )၊ မတ်လ ၂၉ ရက်နေ့မှာ ( Fabio Reis )၊ ဇူလိုင်လ ၅ ရက်နေ့မှာ ( Pongsiri PK Saenchai ) တို့ကို ၃ ပွဲဆက် အနိုင်ယူပြထားသူ ဖြစ်ပါတယ်။

ဒီပွဲစဥ်အပြီးမှာတော့ ONE Championship က စိုးလင်းဦးကို အပိုဆုကြေးအပြင် ဒေါ်လာ ၁ သိန်းတန် စာချုပ်ကိုပါ ချုပ်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။ 

စိုးလင်းဦးက " ဒီနေ့ကတော့ ကျွန်တော် အရမ်းပျော်တဲ့နေ့ပဲ၊ အပျော်ဆုံးနေ့လို့လည်း ပျော်လို့ရတယ်။ အခုလို လာအားပေးကြတဲ့ ပရိတ်သတ်တွေ အားလုံးကို အရမ်း ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ 

ဒါကြောင့် နောက်ပိုင်း ONE Championship ရဲ့ ONE Fight Night ပြိုင်ပွဲကြီးတွေမှာပါ သံမဏိ စိုးလင်းဦးရဲ့ ပွဲစဥ်တွေကို တွေ့မြင်လာရတော့မှာ ဖြစ်ပါတယ်။