CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၂

ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ အေဂျက်စ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဟန်ဒါဆန်ဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ The Times သတင်းမှာ ဖော်ပြထားပါတယ်။

ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်အသင်းက ထွက်ခွာပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ် အသင်းထံ ပြောင်းရွှေ့ခဲ့ပေမယ့် ပျော်ရွှင်မှုမရှိတာကြောင့် ရာသီဝက်သာကစားပြီး အေဂျက်စ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

ဟန်ဒါဆန်ဟာ ဒီရာသီ ဒတ်ချ်လိဂ်မှာ ရုန်းကန်နေရတဲ့ အေဂျက်စ်အသင်းအတွက် ရာသီကုန်အထိ ပါဝင်ကစား ပေးအပြီးမှာ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အေဂျက်စ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် ဘဏ္ဍာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဟန်ဒါဆန်ကို အသင်းက ထွက်ခွာဖို့ တွန်းအားပေးနိုင်တယ်လို့ The Times ရဲ့ ဖော်ပြချက်ထဲမှာ ပါရှိပါတယ်။ 

ဥရောပချန်ပီယံဆုကို ၄ ကြိမ် ရယူထားတဲ့ အေဂျက်စ်အသင်းဟာ ဟန်ဒါဆန်ကို ဆက်ထားပြီး အခြားကစားသမား တွေကို ရောင်းချချင်နေပေမယ့် ဟန်ဒါဆန်ကို ရောင်းချတာက ဖြစ်နိုင်ဖွယ်ရှိတဲ့ အရာအဖြစ် သတ်မှတ်နေကြတာပါ။

အေဂျက်စ်အသင်းဟာ ဟန်ဒါဆန်နဲ့အတူ စပါးအသင်း ကစားသမားဟောင်း ဘာဂျ့်ဝင်းကိုလည်း ရောင်းချဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ 

အေဂျက်စ်အသင်းဟာ လက်ရှိအချိန်မှာ နည်းပြသစ် ခန့်အပ်နိုင်ဖို့ ကြိုးစားနေပြီး ချယ်လ်ဆီးအသင်း နည်းပြ ဟောင်း ဂရေဟမ်ပေါ်တာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သေးတာပါ။

ဒါပေမယ့် ဂရေဟမ်ပေါ်တာက ငြင်းပယ်ခဲ့တာကြောင့် အေဂျက်စ်အသင်းဟာ နည်းပြသစ်ရှာဖွေမှုတွေ ဆက်ပြီး ပြုလုပ်နေတာ ဖြစ်ပါတယ်။

အေဂျက်စ်အသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ်ပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်နေပြီး လက်ကျန် ၂ ပွဲစလုံး အနိုင် ရလဒ် ရယူနိုင်ရင် လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့် ရယူနိုင်မှာပါ။

အေဂျက်စ်အသင်းဟာ ဒတ်ချ်လိဂ်လက်ကျန် ၂ ပွဲအဖြစ် အယ်လ်မီရီစီးတီး၊ ဗီတက်ဆီအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal