CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀

ရိုးမားအသင်းနောက်ခံလူ မန်စီနီဟာ လာဇီယိုအသင်းကို အနိုင်ရခဲ့တဲ့ ရောမဒါဘီပွဲစဉ်အပြီးမှာ ကြွက်ပုံပါဝင်တဲ့ အလံဝှေ့ယမ်းအောင်ပွဲခံခဲ့ပေမယ့် ပွဲပယ်ခံရခြင်းမရှိဘဲ ဒဏ်ကြေးယူရို ၅,၀၀၀ ချမှတ်ခံခဲ့ရပါတယ်။

ရိုးမားအသင်းက လာဇီယိုအသင်းကို ၁ ဂိုး-ဂိုးမရှိအနိုင်ရတဲ့ပွဲစဉ်မှာ ရိုးမားအသင်းအတွက်ဂိုးကို မန်စီနီက သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ မန်စီနီဟာ ပွဲအပြီးမှာ ရိုးမားအသင်းဖော်တွေနဲ့အတူ အသင်းပရိသတ်တွေ ရှေ့ကို သွားရောက် ကာ လာဇီယိုအရောင်ပေါ်မှာ ကြွက်ကြီးတစ်ကောင်ပါဝင်တဲ့ အလံကို ဝှေ့ယမ်းအောင်ပွဲခံခဲ့တာကြောင့် အငြင်းပွား စရာတွေဖြစ်ခဲ့တာပါ။ အဲဒါကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်ဟာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မန်စီနီဟာ ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်ခဲ့ပြီး ဒဏ်ကြေးငွေသာ ချမှတ်ခံခဲ့ရတာပါ။ မန်စီနီကတော့ သူဟာ ဘယ်သူ့ကိုမှ စော်ကားဖို့ ရည်ရွယ်ခဲ့တာမဟုတ်ဘဲ သူတို့ပေးခဲ့တဲ့ ပထမဆုံးအလံကို ယူခဲ့တာလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။ ရိုးမားနဲ့ လာဇီယိုအသင်းတို့ရဲ့ ရောမဒါဘီပွဲစဉ်ဟာ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဒါဘီ ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ပြီး နှစ်သင်းတွေ့ဆုံတဲ့ပွဲတိုင်း ကစားသမားတွေကြား ပြဿနာတွေ ဖြစ်ပွားလေ့ ရှိတာ ဖြစ်ပါတယ်။

၂၀၂၃-၂၄ ရာသီ စီးရီးအေပွဲစဉ် ၃၁ ပွဲကစားအပြီးမှာ ရိုးမားအသင်းက ရမှတ် ၅၅ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး လာဇီယိုအသင်းက ရမှတ် ၄၆ မှတ်နဲ့ အဆင့် ၈ နေရာမှာရပ်တည်နေတာပါ။ ရိုးမားအသင်းဟာ ဧပြီ ၁၂ ရက်မှာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ ပွဲစဉ်အဖြစ် အေစီမီလန်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN