CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၁

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့ပေမယ့် နည်းပြ ဇာဗီက ဆီမီးဖိုင်နယ်တက်ဖို့ ပီအက်စ်ဂျီအသင်းက ရေပန်းစားတယ်လို့ ပြောခဲ့ပါတယ်။

ဇာဗီက “ပီအက်စ်ဂျီက နောက်တစ်ဆင့်တက်ဖို့ ရေပန်းစားနေဆဲပါ။ ဒီပွဲမှာ ကျနော်တို့ ကောင်းမွန်စွာ ကစားနိုင် ခဲ့ပြီး နိုင်ပွဲအတွက် ဂုဏ်ယူပါတယ်။ ကျနော်တို့ဟာ ဒုတိယပိုင်းအစတွေမှာ အာရုံစူးစိုက်မှုကို ပိုကောင်းအောင် လုပ်ရမှာပါ။ ဘာစီလိုနာအသင်းဟာ ရင့်ကျက်လာပြီး ခက်ခဲတဲ့ပွဲကနေ ပြန်ကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါ တယ်။ ကျနော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခက်ခဲတဲ့နှစ်တွေကို ဖြတ်ကျော်ခဲ့ပြီးပြီဖြစ်လို့ ဒီနိုင်ပွဲက ဘာစီလိုနာ ရှင်သန်နေသေးတယ်ဆိုတာ ပြသခဲ့တာ”လို့ ပြောပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ပီအက်စ်ဂျီအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ ဘာစီလိုနာအသင်းဟာ ရာဖင်ဟာရဲ့ သွင်းဂိုးနဲ့  ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ ဒမ်ဘီလီ၊ ဗီတင်ဟာတို့ရဲ့ သွင်းဂိုးတွေကြောင့် ပီအက်စ်ဂျီအသင်းကို ပြန်ဦးဆောင်ခွင့် ပေးခဲ့ရပါတယ်။

ဘာစီလိုနာအသင်း နည်းပြ ဇာဗီကို တွေ့ရစဉ်

ဒါပေမယ့် ရာဖင်ဟာနဲ့ ခရစ္စတန်ဆန်တို့က ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းယူပေးခဲ့လို့ ဘာစီလိုနာအသင်း နိုင်ပွဲရရှိခဲ့ တာပါ။ 

ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့်၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ်က ဘာစီလိုနာအသင်းကို ဆုဖလား ၃ လုံး ရယူပေးနိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ် က ဒီရှုံးပွဲကြောင့် စိတ်ပျက်မိပေမယ့် နောက်တစ်ဆင့် တက်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က “ရှုံးပွဲကြောင့် ကျနော်တို့ မပျော်ရွှင်ပါဘူး။ ဒုတိယအကျော့က ဗိုလ်လုပွဲလိုဖြစ်ပြီး ကျနော်တို့ရဲ့ ရည်မှန်းချက်ပါ။ ကျနော်တို့ နောက်တစ်ဆင့် တက်နိုင်တယ်ဆိုတာ သံသယမရှိပါဘူး။ ဒီရလဒ်အတွက် ကျနော့်မှာ တာဝန်ရှိပါတယ်။ နိုင်ပွဲနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်အတွက် ဘာစီလိုနာအသင်းကို ဂုဏ်ပြုပါတယ်”လို့ ပြောပါ တယ်။

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ဧပြီ ၁၇ ရက်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: ESPN