CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၅

ပြင်သစ်အသင်းနဲ့ ယူရို ၂၀၀၀ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ လီဘော့ဖ်က ပေါ်တူဂီအသင်းအနေနဲ့ အသင်း ခေါင်းဆောင် ရော်နယ်ဒိုကို အသုံးမပြုရင် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်တယ်လို့ ပြောခဲ့ပါတယ်။

လီဘော့ဖ်က “ပေါ်တူဂီအသင်းဟာ နွေရာသီမှာ ကျင်းပမယ့် ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မယ့် အသင်း တွေထဲက တစ်သင်းဖြစ်ပါတယ်။ အမှန်တကယ်လည်း သူတို့ဟာ ယူရိုချန်ပီယံဆုကို ရယူနိုင်မယ်လို့ ကျနော်ထင်ပါ တယ်။ ဒါပေမယ့် ရော်နယ်ဒို မကစားမှသာ ဒီလိုဖြစ်လာနိုင်မှာပါ”လို့ BetVictor ကိုပြောခဲ့တာပါ။

ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ ပြီးနောက် လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဒုတိယမြောက် ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါ တယ်။ 

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ၁၀ ဂိုးသွင်းပြီး ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တာပါ။

ဒါပေမယ့် ပြင်သစ်နဲ့ ချယ်လ်ဆီး ကစားသမားဟောင်း လီဘော့ဖ်က ရော်နယ်ဒို မပါမှသာ ပေါ်တူဂီချန်ပီယံ ဖြစ်နိုင်မယ်လို့ ပြောထားခဲ့ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်

ဒါအပြင် လီဘော့ဖ်ဟာ ဆော်ဒီပရိုလိဂ်က ပြင်သစ်လီဂူးဝမ်းထက် ပိုပြီးကောင်းတယ်လို့ ရော်နယ်ဒိုပြောခဲ့တဲ့ အပေါ် ပြန်ပြီတုန့်ပြန်ခဲ့သေးတာပါ။

လီဘော့ဖ်က “ဆော်ဒီပရိုလိဂ်က ပြင်သစ်လိဂ်ထက် ပိုကောင်းတယ်လို့ ရော်နယ်ဒို ပြောတာကို ကြားရတာဟာ ကျနော့်ကို စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ သူဟာ ပေါ်တူဂီလိဂ်ထက် ပြင်သစ်လိဂ်ကို မှတ်ချက်ပေးဖို့ ဘာကြောင့် ရွေးချယ်ခဲ့လဲဆိုရင် မက်ဆီ လီဂူးမှာ ကစားတာကြောင့်မို့လိုပါ။ ကျနော်သူ့ကို ကစားသမားတစ်ဦး အနေနဲ့ လေးစားမှုတွေ အများကြီးရှိပေမယ့် ပါးစပ်ပိတ်ထားလိုက်ပါ။ လီဂူးဝမ်းအတွက် ဒါက မျှတမှုမရှိဘူး”လို့ ပြောခဲ့ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲဟာ ရော်နယ်ဒိုအတွက် နောက်ဆုံးယူရိုပြိုင်ပွဲ ဖြစ်မှာဖြစ်ပြီး ပေါ်တူဂီအသင်းဟာ ဒီပြိုင်ပွဲမှာ တူရကီ၊ ချက်၊ ပလေးအော့ဖ်က အနိုင်ရတဲ့ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Source: Goal