၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၁
ရိုးမားအသင်းက အေစီမီလန်အသင်းကို အိမ်ကွင်းမှာ (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် မော်ရင်ဟိုဟာ သူ့ရဲနည်းပြဘဝ ပထမဆုံး စီးရီးအေ အိမ်ကွင်း ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။
ဒီပွဲ ရှုံးနိမ့်မှုဟာ မော်ရင်ဟိုအတွက် စီးရီးအေ အိမ်ကွင်း(၄၃)ပွဲဆက် ရှုံးပွဲမရှိ စံချိန်ဟာလည်း ရပ်တန့်သွားခဲ့ပြီလည်း ဖြစ်ပါ တယ်။
မော်ရင်ဟိုဟာ ဒီပွဲရလဒ်ကြောင့် ကွင်းဘေးစည်းမှာ ဒေါသပေါက်ကွဲ နေခဲ့တာလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဒေါသ ပေါက်ကွဲနေတာကြောင့် ပွဲအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေကို မတွေ့ဆုံသွားခဲ့ဘူးလို့လည်း သတင်း မှာ ဖော်ပြထားပါတယ်။မော်ရင်ဟိုဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေ အပေါ်မှာလည်း မကျေနပ်ခဲ့တာဖြစ်ပါတယ်။
ပုံ-အေစီမီလန်တိုက်စစ်မှူး မိုဗစ်နဲ့လက်ဆွဲနှုတ်ဆက်နေတဲ့ မော်ရင်ဟို။ Photo - AFP Via Getty Images
မော်ရင်ဟိုဟာ နာပိုလီ အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ထုတ်ပယ်ခံခဲ့ရတာကြောင့် ကြားရက်က ကစားခဲ့တဲ့ ကာဂလီယာရီနဲ့ ပွဲစဉ်မှာ ဝင်ရောက်ကြီးကြပ်ခွင့်မရခဲ့ပဲ အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲရောက်မှ ပြန်လည် ကြီးကြပ်ခွင့်ရခဲ့တာလည်း ဖြစ်ပါ တယ်။ မော်ရင်ဟိုဟာ အဆိုပါ ပွဲအပြီးမှာ အနိုင်ရခဲ့တဲ့ အေစီမီလန်အသင်းကို ချီးကျုးသွားခဲ့ပါတယ်။
မော်ရင်ဟိုက “ကျနော် ဘာာမှ မပြောချင်ပါဘူး။မဟုတ်ရင် နောက်ပွဲကွင်းထဲမှာ ကြီးကြပ်ခွင့်တောင် ရမှာမဟုတ်ပါဘူး။ ရိုးမား ပရိသတ်တွေကို လေးစားမှုမရှိတဲ့အတွက် ကျနော် ဒေါသထွက်နေပါတယ်။ကျနော်တို့ ကောင်းမွန်စွာ မကစားနိုင် ပေ မယ့် အရာအားလုံးကို ကွင်းထဲမှာ ထားနိုင်ခဲ့ပါတယ်။ကျနော်တို့ဟာ လေးစားမှုရှိပါတယ်။ တချို့တွေမှာ အဲ့လိုမရှိလို့ ကျနော် ဒေါသ ထွက်တာပါ”လို့ဆိုခဲ့ပါတယ်။
ရိုးမားအသင်းဟာ လာမယ့် ကြားရက်မှာတော့ ယူရိုပါကွန်းဖရန့်စ်လိဂ် အုပ်စုပွဲစဉ်အဖြစ် ပထမအကျော့ တွေ့ဆုံခဲ့တုန်းက အရှက်တကွဲ ရှုံးထားတဲ့ ဘိုဒိုဂီလင့်မ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။