CNI Sport News

၂၀၂၁ ခုနှစ်၊နို၀င်ဘာ ၁

ပီအက်စ်ဂျီအသင်းဟာ အခုရာသီ အသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားရခြင်း မရှိသေးတဲ့ ရာမို့စ်ကို စာချုပ်ဖျက်သိမ်းဖို့ ရှိနေပြီလို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရာမို့စ်ဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းကို အလွတ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာမို့စ်အနေနဲ့ အသင်းသစ်နဲ့အတူ လေ့ကျင့်ခန်းလုပ်ရင်း ဒဏ်ရာပြသနာရှိသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ရာမို့စ်ဟာ အသင်းသစ်အတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။ ရာမို့စ်ဟာ ပီအက်စ်ဂျီ အသင်းနဲ့အတူ ပါဝင်ကစားပေးနိုင်မယ့်ရက်တွေ ထွက်ပေါ် လာခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကစားသမားဟာ အသင်း ဖော်တွေနဲ့တောင် လေ့ကျင့်မှုတွေ မပြုလုပ်နိုင်သေးပါဘူး။

ပုံ- ပီအက်စ်ဂျီအသင်းနည်းပြနဲ့ ရာမို့စ်ကိုတွေ့ရစဉ်။

ဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်ကို စိတ်ပျက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဗဟိုခံစစ်ပိုင်းအတွက် ရာမို့စ်ကို အားကိုးတကြီးနဲ့ ခေါ်ယူခဲ့ပေမယ့် လက်ရှိအချိန်ထိ အသင်းအတွက် ကစားပေးနိုင်ခြင်း မရှိတဲ့အပေါ်မှာ ကလပ်အသင်းက စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးလာခဲ့တာလည်း ဖြစ်ပါတယ်။ ရာမို့စ် ဟာ ပြီးခဲ့တဲ့ ရာသီတည်းက ဒဏ်ရာပြသနာကြောင့် ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့်လည်း စပိန်လက်ရွေးစင် အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ရာမို့စ်အနေနဲ့ သူ့ရဲ့ ဒဏ်ရာပြသနာ အခြေအနေ လက်ရှိအခြေအနေထက် မတိုးတက်လာဘူးဆိုရင်တော့ ပီအက်စ်ဂျီ အသင်း က စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားလာခဲ့တာပဲ ဖြစ်ပါတယ်။

ရာမို့စ်ဟာ ရီးရယ်လ်အသင်း၊ စပိန်လက်ရွေးစင်အသင်းတို့နဲ့အတူ အောင်မြင်မှု အများအပြားရခဲ့တဲ့ ရာမိုစ့် အနေနဲ့ အသင်း သစ်အတွက် ဘာမှ မစွမ်းဆောင်ပေးနိုင်သေးဘဲ စာချုပ်ဖျက်သိမ်းခံရပြီး အသင်းလက်မဲ့ အနေအထားကို ရောက်ရှိ သွားနိုင် တာလည်း ဖြစ်ပါတယ်။