CNI Sport News
၂၀၂၁ ခုနှစ်၊နို၀င်ဘာ ၁
လီဝန်ဒေါစကီးဟာ ယူနီယံဘာလင် အသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ပြီးပြည့်စုံတဲ့ ကစားသမားအဖြစ် မီးမောင်းထိုး ပြတဲ့အနေနဲ့ အကောင်းဆုံး ဂိုးဖန်တီးမှုလို့ ပြောလို့ရတဲ့ ဖန်တီးမှုကိုပါ ဒီပွဲမှာ စွမ်းဆောင်သွားခဲ့ပါတယ်။ ဒါကို အသင်းဖော် ဆာနေးက အသုံးမချ နိုင်ခဲ့ လို့သာ ဂိုးမရပဲ ဖြစ်ခဲ့တာပါ။
လီဝန်ဒေါစကီးဟာ ယူနီယံဘာလင် အသင်းကို (၅)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ (၂)ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။ အသက်(၃၃)နှစ် အရွယ်ရှိ ကစားသမားဟာ ဒီပွဲမှာ ပြစ်ဒဏ်ဘောကနေ လှလှပပ သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ယူနီယံဘာလင် အသင်းနဲ့ယှဉ်ပြိုင်တဲ့ပွဲမှာ နိုင်ခဲ့တာကြောင့် ပြိုင်ဘက် ဒေါ့မွန် အသင်းထက် (၁)မှတ်အသာနဲ့ ဘွန်ဒစ်လီဂါအမှတ် ပေးဇယားကို ဆက် လက် ဦးဆောင်နေခဲ့တာလည်း ဖြစ်ပါ တယ်။
လီဝန်ဒေါစကီးဟာ ယူနီယံဘာလင် အသင်းနဲ့ ပွဲမှာ တစ်ဖက်ပြိုင်ဘက်ရဲ့ ဂိုးဧရိယာမှာ ပြိုင်ဘက်ကစားသမားက ဖိအားပေးနေတဲ့ကြားထဲက ၁၈၀ ဒီဂရီ (၂)ကြိမ်လှည့်ကာ ဘော လုံးကို ထိန်းပြသွားခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ သူဆီက ဘောလုံးကို ဆာနေးရဲ့ လမ်းကြောင်းထဲ ထိုးပေးခဲ့တာဖြစ်ပြီး ဂျာမနီကစားသမားက ဂိုးသမားရဲ့ တည့် တည့်ကို ကန်မိသွားခဲ့ တာလည်း ဖြစ်ပါတယ်။
ပုံ- လီဝန်ဒေါစကီးဂိုးသွင်းပြီး အောင်ပွဲခံနေစဉ်။
ဒါကြောင့် လီဝန်ဒေါစကီးရဲ့ အကောင်းဆုံး ဂိုးဖန်တီးမှုဖြစ်ခဲ့ပေမယ့် အခွင့်အရေး ဆုံးရှုံးသွားခဲ့တာလည်း ဖြစ်ပါ တယ်။
ဒါကြောင့် အခုနှစ်အတွက် ဘောလွန်းဒီအော်ဆုကို ရဖို့ ရေပန်းစားနေတဲ့ သူတွေထဲက တစ်ဦးဖြစ်တဲ့ လီဝန်ဒေါ စကီးဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ(၁၅)ပွဲ ပါဝင်ကစားထားပြီး (၁၉)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ လီဝန်ဒေါစကီးဟာ အခုလထဲမှာ ပေးအပ်မယ့် ဘောလွန်းဒီအော်ဆုအတွက် မက်ဆီ၊ဘန်ဇီမာ၊ ဂျော်ဂျင်ဟိုတို့နဲ့ အပြိုင် ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဒီဆုကို ရရှိဖို့ ရေပန်းစားခဲ့ပေမယ့် ဆုပေးပွဲကျင်းပမယ့် အဖွဲ့အစည်း က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုပေးပွဲ ကျင်းပဖို့ ဖျက်သိမ်းခဲ့တာနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။
အဲဒါကြောင့် ဒီနှစ်မှာ ဆုရသင့်တယ်ဆိုပြီး သုံးသပ်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။လီဝန်ဒေါစကီးကတော့ လက်ရှိအချိန်ထိ သူ့ရဲ့ အကောင်းဆုံးပုံစံကို ဆက်ထိန်းထားနိုင်ခဲ့ပြီး သွင်းဂိုးတွေ အများအပြားကို ဆက်လက် သွင်းယူနေခဲ့တာလည်း ဖြစ်ပါတယ်။လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် (၃၄၄)ပွဲ ပါဝင် ကစား ထားပြီး (၃၁၃)ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။