CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း အန်သိုနီဂျိုရွှာနဲ့ UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်ဂါနူတို့ဟာ ဆော်ဒီနိုင်ငံမှာ ထိုးသတ်မှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

အန်သိုနီဂျိုရွှာဟာ အစောပိုင်းက WBC ချန်ပီယံဟောင်း ဝေလ်ဒါနဲ့ ထိုးသတ်ဖို့ စီစဉ်ထားတာပါ။

ဒါပေမယ့် ဒီဇင်ဘာ ၂၃ ရက်က ရီယက်ဒ်မှာ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်တွေမှာ အန်သိုနီဂျိုရွှာက ဝယ်လ်လင်ကို အနိုင်ရ ခဲ့ပြီး ဝေလ်ဒါက ပါကားကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် အန်သိုနီဂျိုရွှာနဲ့ ဝေလ်ဒါတို့ရဲ့ ပွဲဖြစ်မလာခဲ့ဘဲ အန်သိုနီဂျိုရွှာနဲ့ အန်ဂါနူတို့ ထိုးသတ်မယ့်ပွဲ ဖြစ်လာခဲ့တာပါ။ 

အန်သိုနီဂျိုရွှာရဲ့ ပွဲစီစဉ်သူ အက်ဒီဟန်းက “အန်သိုနီဂျိုရွှာနဲ့ အန်ဂါနူတို့ ထိုးသတ်မယ့်ပွဲကို အတည်ပြုချင်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်လန်ဒန်မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး အသေးအစိတ် အချက်အလက်တွေကို ပြောပြသွား မယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။


ESPN ကတော့ ဒီပွဲဟာ တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်တို့ရဲ့ အငြင်းပွားဖွယ်ရာမရှိတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံပွဲ ထိုးသတ်ပြီးနောက် ရက်သတ္တပတ်တွေအကြာ မတ်လအစောပိုင်းမှာ ဖြစ်နိုင်တယ်လို့ ဖော်ပြထားတာပါ။ 

အန်ဂါနူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဆော်ဒီနိုင်ငံမှာ တိုင်ဆန်ဗျူရီနဲ့ ထိုးသတ်ခဲ့ပြီး အမှတ်နဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ 

အန်ဂါနူဟာ တိုင်ဆန်ဗျူရီကို အရေးနိမ့်ပြီးနောက် WBC ရဲ့ ဟဲဗီးဝိတ်အဆင့်ရပ်တည်မှု ၁၀ နေရာမှာ ရပ်တည်နေတာပါ။

အန်ဂါနူဟာ MMA ပြိုင်ပွဲမှာ ပွဲပေါင်း ၂၀ ထိုးသတ်ခဲ့ပြီး ၁၇ ပွဲအနိုင်ရကာ ၃ ပွဲအရေးနိမ့်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီက နောက်ဆုံးပွဲအဖြစ် ထိုးသတ်ထားခဲ့တာ ဖြစ်ပါတယ်။

Source: CNA