CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁

ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်တွေအတွက် မကျေပွဲအဖြစ် ဆော်ဒီမှာ ထိုးသတ်ခဲ့တဲ့ အူဆက်ခ်နဲ့ အန်သိုနီဂျိုရွှာတို့ ပွဲမှာ အူဆက်ခ်က အနိုင်ရရှိသွားခဲ့ပါတယ်။

၁၂ ချီ ပြည့်မြောက်တဲ့အထိ အကြိတ်အနယ် ထိုးသတ်ခဲ့ကြတာဖြစ်ပြီး ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ကို ခံယူတာ မှာ အူဆက်ခ်က အနိုင်ရရှိသွားခဲ့တာပါ။ ဒိုင်လူကြီး ၂ ဦးက အူဆက်ခ်ကို ၁၁၅ - ၁၁၃ ၊ ၁၁၆ - ၁၁၂ မှတ်တို့နဲ့ အနိုင် ပေးခဲ့တာ ဖြစ်ပါတယ်။

ဒိုင်လူကြီး ၁ ဦးက ဂျိုရွှာကို ၁၁၅ - ၁၁၃ မှတ်နဲ့ အနိုင်ပေးခဲ့ပေမယ့် နောက်ဆုံးမှာ ယူကရိန်းနိုင်ငံသား အူဆက်ခ်က အနိုင်ရရှိသွားခဲ့တာပါ။ အဲ့ဒါကြောင့် အူဆက်ခ်ဟာ WBA(Super) ၊ IBF၊ WBO နဲ့ IBO ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ် တွေကို ဆက်ထိန်းသိမ်း နိုင်ခဲ့ပါတယ်။

အူဆက်ခ်နဲ့ အန်သိုနီဂျိုရွှာ ထိုးသတ်နေစဉ်

ဒါ့အပြင် တိုင်ဆန်ဗျူရီ အနားယူသွားတာကြောင့် လစ်လပ်ခဲ့တဲ့ The Ring ဟဲဗီးဝိတ်ချန်ပီယံလည်း ဖြစ်လာခဲ့ တာပါ။ အူဆက်ခ်ကတော့ ဒီနိုင်ပွဲကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲပေါင်း ၂၀ ထိုးသတ်ခဲ့တာမှာ ရာနှုန်းပြည့် အနိုင်ရတဲ့ စံချိန်မှတ်တမ်းကို ဆက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အန်သိုနီဂျိုရွှာကတော့ နောက်ဆုံး ၂ ပွဲဆက်တိုက် အူဆက်ခ်ကို အရေးနိမ့်ခဲ့ကာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ၃ ပွဲ‌မြောက် ရှုံးပွဲ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ အူဆက်ခ်ဟာ ဒီနိုင်ပွဲကို သူ့နိုင်ငံဖြစ်တဲ့ ယူကရိန်းနိုင်ငံအတွက် ရည်ရွယ်ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

Source: BBC Sport