CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁

အိုနာနာဟာ ယူနိုက်တက်အသင်းမှာ သူ့ရဲ့နံပတ် ၁ နေရာကို ကာကွယ်နိုင်ဖို့အတွက် အာဖရိကဖလားပြိုင်ပွဲကနေ နုတ်ထွက်ဖို့ ဆန္ဒရှိနေပါတယ်။

အိုနာနာဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် လက်စွမ်းတည်ငြိမ်မှုမရှိသလို ပြီးခဲ့တဲ့ ဂါလာတာစာရေး အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ သူ့ရဲ့အမှားအယွင်းတွေကြောင့် သွင်းဂိုးတွေခွင့်ပြုပေးခဲ့ရတာပါ။ အဲဒါကြောင့် ယူနိုက်တက်အသင်း ပရိသတ်တွေက အိုနာနာရဲ့ နေရာမှာ ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူထားတဲ့ တူရကီဂိုးသမား ဘာယင်းဒယ်ကို ပွဲထွက်အသုံးပြုဖို့ တောင်းဆိုမှုတွေရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ကလည်း ဘာယင်းဒယ်ဟာ မကြာခင်မှာ သူ့ရဲ့အခွင့်အရေးကို ရရှိတော့မှာဖြစ်လို့ စိတ်ရှည်ပေးဖို့ ပြောထားတာပါ။ အာဖရိကဖလားပြိုင်ပွဲဟာ လာမယ့်ဇန်နဝါရီမှာ ကျင်းပ တော့မှာဖြစ်ပြီး အိုနာနာဟာ ကင်မရွန်းအသင်းရဲ့ လူစာရင်းမှာ ပါဝင်ရဖို့ ရှိနေပါတယ်။ အိုနာနာအနေနဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်အသင်းရဲ့ ပွဲစဉ် ၆ ပွဲလောက်အထိ လွဲချော်ရမှာပါ။ 

ဒီအချိန်မှာ တူရကီဂိုးသမား ဘာယင်းဒယ်ဟာ ယူနိုက်တက်အသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူရမှာဖြစ်ပြီး သူ့အနေ နဲ့ တည်ငြိမ်တဲ့ လက်စွမ်းပြသနိုင်မယ်ဆိုရင် အိုနာနာအနေနဲ့ နေရာဆုံးရှုံးရဖွယ်ရှိနေပါတယ်။ အဲဒါကြောင့် အိုနာနာဟာ သူ့ရဲ့နေရာကို အဆုံးရှုံးမခံချင်တာကြောင့် ကင်မရွန်းအသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ဖို့ ဆန္ဒရှိနေတာပါ။ ယူနိုက်တက်အသင်းဟာ ရာသီအစ ပွဲပေါင်း ၂၀ ပါဝင်ကစားအပြီးမှာ ပေးဂိုး ၃၃ ဂိုးအထိ ခွင့်ပြုထားရတာဖြစ်ပါတယ်။

 ဒါဟာ ၁၉၆၂-၆၃ ရာသီက အဖွင့်ပွဲစဉ် ၂၀ မှာ ပေးဂိုး ၄၃ ဂိုးပေးရပြီးနောက်ပိုင်း ယူနိုက်တက်အသင်းရဲ့ အဆိုးရွားဆုံးစံချိန်ဖြစ်ခဲ့တာပါ။ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကတော့ ပုံစံကောင်းပျောက်ဆုံးနေတဲ့ အိုနာနာကို အပြစ်တင်ဖို့ ငြင်းဆန်ထားပါတယ်။ အိုနာနာဟာ လာမယ့်နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ဆက်လက်ပါဝင်ရဖို့ ရှိနေပြီး ဝေဖန်မှုတွေကို သက်သေပြသနိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

Source:Goal