CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅

အာဂျင်တီးနား လက်ရွေးစင် တောင်ပံကစားသမား ဒီမာရီယာက ဆော်ဒီကလပ်တွေရဲ့ ရူးသွပ်စရာကောင်းတဲ့ လုပ်အားခတွေနဲ့ ကမ်းလှမ်းမှု ရခဲ့ပေမယ့် ဘင်ဖီကာအသင်းထံ ပြန်သွားဖို့ကိုသာ ရွေးချယ်ခဲ့တယ်လို့ ပြောခဲ့ပါ တယ်။

ဒီမာရီယာက “ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှု အများအပြား ကျနော်ရရှိခဲ့ပါတယ်။ သူတို့ကမ်းလှမ်းတဲ့ လုပ်ခ လစာ ပမာဏတွေက ရူးသွပ်လောက်စရာ ကောင်းပေမယ့် ကျနော့်နှလုံးသားက ရွေးချယ်တဲ့ ဘင်ဖီကာအသင်းထံ ပြန်လာခဲ့ပါတယ်”လို့ D Sports Radio ကို ပြောခဲ့ပါတယ်။

ဒီမာရီယာဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ဆော်ဒီကလပ် အသင်းတွေ အပါအဝင် မေဂျာလိဂ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပါတယ်။ 

ဒါပေမယ့် ဒီမာရီယာဟာ ၂၀၀၇ ကနေ ၂၀၁၀ အထိ ကစားခဲ့တဲ့ အသင်းဟောင်း ဘင်ဖီကာအသင်းထံ ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီမာရီယာကို တွေ့ရစဉ်

ဆော်ဒီကလပ်တွေဟာ နွေရာသီ အပြောင်းအရွှေ့မှာ နာမည်ကျော် ကစားသမား အများအပြားကို မက်လောက် စရာ လုပ်ခလစာတွေပေးပြီး နိုင်ငံအတွင်း ခေါ်ယူနေတာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ကစားသမားဟာ ဥရောပ ကစားသမားဘဝအစကို ဘင်ဖီကာအသင်းကနေ စတင်ခဲ့ပြီး ရီးရယ်လ်၊ ယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ် အသင်းတွေမှာ ကစားခဲ့တာပါ။ 

ဒီမာရီယာဟာ အခုရာသီမှာ ဘင်ဖီကာအသင်းအတွက် ၃ ပွဲ ပါဝင်ကစားထားပြီး၂ ဂိုးသွင်းယူကာ အသင်းနဲ့အတူ ပေါ်တူဂီစူပါဖလား ရယူထားတာ ဖြစ်ပါတယ်။

ဒီမာရီယာဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလား၊ ၂၀၂၁ ကိုပါအမေရိကဖလား ရယူ နိုင်ခဲ့ပြီး ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှု အများအပြား ရယူထားနိုင်ခဲ့ပါတယ်။

Source: Daily Mail