CNI Sport News

 ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၆

ဟာမိုဆိုနဲ့ စပိန်အမျိုးသမီးအသင်း ကစားသမားတွေဟာ ရူဘီယာလက်စ်ကို စပိန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ရာထူးကနေ မထုတ်ပယ်မချင်း နိုင်ငံအတွက် ကိုယ်စားပြုပြီး ကစားပေးတော့မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါ တယ်။

ရူဘီယာလက်စ်ဟာ စပိန်အသင်းက အင်္ဂလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှာ ကွင်းလယ်လူ ဟာမိုဆိုရဲ့ နှုတ်ခမ်းကို ခွင့်ပြုချက်မရှိဘဲ နမ်းခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ခံခဲ့ရတာပါ။

ဒါပေမယ့် ရူဘီယာလက်စ်က သူဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ရူဘီယာလက်စ်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်မယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြပေ မယ့် သူကတော့ ငြင်းဆန်သွားခဲ့ပါတယ်။

ရူဘီယာလက်စ်က ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့အရာက သဘောတူညီမှုနဲ့ နမ်းခဲ့တာသာ ဖြစ်တယ်လို့ ပြောခဲ့ပါ တယ်။ ဟာမိုဆိုကတော့ သူမဟာ ဒီလိုမျိုးနမ်းဖို့ကို ဘယ်တုန်းကမှ သဘောတူညီခဲ့ခြင်း မရှိဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့တာပါ။

ရူဘီယာလက်စ်ကိုတွေ့ရစဉ်

ဟာမိုဆိုနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုရယူခဲ့တဲ့ အသင်းဖော်တွေ အပါအဝင် ကစားသမား ၅၆ ဦးဟာ ရူဘီယာလက်စ် ကို ထုတ်ပယ်ဖို့တောင်းဆိုတဲ့ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရူဘီယာလက်စ်ကိုသာ မထုတ်ပယ်ဘူးဆိုရင် သူတို့ဟာ နိုင်ငံအသင်းအတွက် ပြန်ကစားပေးတော့မှာ မဟုတ်ဘူး လို့ အခိုင်အမာ ပြောခဲ့ကြတာပါ။

ဖီဖာကတော့ ရူဘီယာလက်စ်ကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်ဖို့ လုပ်ဆောင်နေသလို စပိန်အစိုးရ ကလည်း ဆိုင်းငံ့ဖို့အတွက် တရားစွဲဆိုမှုတွေ ပြုလုပ်ဖို့ စတင်နေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

စပိန်ဂိုးသမားဟောင်းတွေဖြစ်တဲ့ ကာဆီးလက်စ်နဲ့ ဒီဂီယာတို့ဟာ ရာထူးက နုတ်ထွက်ဖို့ ငြင်းဆန်ခဲ့တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲကို ပြစ်တင်ဝေဖန်ခဲ့ကြတာပါ။

စပိန်အမျိုးသား လက်ရွေးစင် ကစားသမား ဘော်ဂျာကလည်း ရူဘီယာလက်စ်ရဲ့ ကိစ္စမပြေလည်မချင်း နိုင်ငံအသင်းအတွက် ကစားဖို့ ငြင်းဆန်သွားလိမ့်မယ်လို့ ပြောထားပါတယ်။

Source: Metro