CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၈

ဟာရီကိန်းက ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ အခုရက်သတ္တပတ်အကုန်မှာ အပြောင်းအရွှေ့အတွက် သဘောတူညီမှု မရခဲ့ရင် စပါးအသင်းမှာပဲ ဆက်ရှိတော့မယ်လို့ အပြောင်းအရွှေ့ နောက်ဆုံးရက် သတ်မှတ်ပေး ခဲ့ပါတယ်။

စပါးအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပေါင် ၈၆ သန်းနဲ့ နောက်ဆုံး ကမ်းလှမ်းမှု အပါအဝင် ကမ်းလှမ်းမှု အများအပြားကို ပယ်ချခဲ့တာပါ။ 

လန်ဒန်ကလပ်ဟာ လာမယ့်နှစ် နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့်ပြုရမယ့် တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ ကြေး ပေါင်သန်း ၁၀၀ လိုချင်နေတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ စပါးအသင်း တောင်းဆိုတဲ့ မြင့်မားတဲ့ ပမာဏကို ပေးချေနိုင်ဖို့ မသေချာပေမယ့် နောက်ထပ် ကမ်းလှမ်းမှုအသစ် ပြုလုပ်ဖို့ ပြင်ဆင်နေတာပါ။

ဒါပေမယ့် အင်္ဂလန်အသင်း ခေါင်းဆောင်ကတော့ ပရီးမီးယားလိဂ် ရာသီသစ် စတင်ပြီးတာနဲ့ စပါးအသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း The Telegraph က ဖော်ပြထားပါတယ်။ 

ဟာရီကိန်းကိုတွေ့ရစဉ်

စပါးအသင်းဟာ သြဂုတ် ၁၃ ရက်မှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ သြဂုတ် ၁၂ ရက်မှာ ဂျာမန်စူပါဖလားပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။

စပါးအသင်းဟာ တစ်ပတ်လုပ်ခပေါင် ၄ သိန်းနဲ့ ဟာရီကိန်းကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ကစားသမား ကတော့ စာချုပ်သစ်နဲ့ ပတ်သက်ပြီး ဘာအရိပ်အယောင်မှ ပြသထားခြင်း မရှိပါဘူး။ 

စပါးအသင်းဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ အာဂျင်တီးနား ရှေ့တန်းကစားသမား အလီဂျိုနဲ့ ဝုလ်ဖ်ဘတ် ဗဟို နောက်ခံလူ ဗန်ဒီဗန်တို့ကို ခေါ်ယူနိုင်ကြောင်း ကြေညာဖို့ စီစဉ်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီး နေရာမှာ အစားထိုးဖို့ ဟာရီကိန်းကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။

ဒါပေမယ့် အပြောင်းအရွှေ့ အဆင်မပြေခဲ့ရင် နောက်ထပ် တိုက်စစ် ကစားသမားတွေကို ရှာဖွေသွားမှာဖြစ်ပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Source: Metro