CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ဆော်ဒီပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတွေဟာ အားကစား အကြောင်းပြချက်မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။

လာပေါ်တာက “ကစားသမားတစ်ဦးဟာ လေးစားမှုနဲ့ ဆော်ဒီကို သွားရောက်တဲ့အချိန်မှာ အခြေခံသဘောအရ အားကစားအကြောင်းပြချက်မရှိပါဘူး။ ဦးစားပေးရမယ့် အခြားအကြောင်းပြချက်တွေရှိတယ်ဆိုတာ ခင်ဗျား တို့လည်း သိပါတယ်။ ဘောလုံးက ဦးစားပေးဖြစ်ရမှာဖြစ်သလို၊ အားကစားအကြောင်းပြချက်တွေကလည်း ဦးစားပေးဖြစ်နေရမှာပါ”လို့ CNN ကို ပြောခဲ့တာပါ။

ယူနိုက်တက်ကစားသမားဟောင်း ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ ပြီးနောက် အခုအပြောင်းအရွှေ့မှာ နာမည်ကြီးကစားသမားအများအပြားဟာ ပင်လယ်ကွေ့ပြည်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံဟာ သူတို့ရဲ့လိဂ်ကို ကမ္ဘာ့ထိပ်တန်းလိဂ်ထဲ ဝင်ရောက်နိုင်ဖို့အတွက် နာမည်ကြီးကစားသမားတွေကို ငွေကြေးအများအပြား သုံးစွဲပြီး ခေါ်ယူနေတာပါ။ဒါပေမယ့် ဘာစီလိုနာအသင်းဥက္ကဋ္ဌက ကစားသမားတွေဟာ မှားယွင်းတဲ့ အကြောင်းပြချက်တွေနဲ့ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့လာခဲ့တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ မကြာသေးခင်က ဘတ်ပီကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီအသင်းထံ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ပြုလုပ်ခဲ့တာပါ။ 

ဆော်ဒီလိဂ်ဟာ အခုအပြောင်းအရွှေ့မှာ ဘန်ဇီမာ၊ ကန်တီ၊ ဖာမီနို၊ မာနေး၊ မာရတ်ဇ်၊ ဟန်ဒါဆန်၊ ဖာဘင်ဟို အစရှိတဲ့ ဥရောပရဲ့ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုက ဆော်ဒီလိဂ်ဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့ထိပ်တန်းလိဂ် ၅ လိဂ်ထဲကို ဝင်ရောက်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောထားတာပါ။ 

အဲဒါကြောင့်လည်း ဆော်ဒီလိဂ်အသင်းတွေဟာ နာမည်ကြီးကစားသမားတွေကို ခေါ်ယူနေပြီး ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခြင်းလည်း ခံနေရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆော်ဒီထိပ်တန်းကလပ် အသင်းတွေဟာ အာရပ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး ရော်နယ်ဒို၊ဘန်ဇီမာနဲ့ ရူဘင်နာ ဗတ်စ်တို့ဟာ သွင်းဂိုးတွေသွင်းယူကာ အသင်းနိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးထားတာဖြစ်ပါတယ်။

Source:Goal