CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၈
ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုက ဥရောပဘောလုံးလောကကို ပြန်မလာတော့ဘူးလို့ အနာဂတ်နဲ့ ပတ်သက်ပြီး အခိုင်အမာ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “ဘယ်ဥရောပကလပ်ကိုမှ ပြန်မလာတော့တာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ကျနော်ဟာ ဆော်ဒီကို လမ်းဖွင့်ပေးခဲ့ပြီး အခုဆိုရင် ကစားသမားတွေ အားလုံးက ဒီကိုရောက်ရှိလာပါပြီ။ ကျနော်ဥရောပ ဘောလုံးလောကကို ပြန်မလာတော့ပါဘူး။ တံခါးက လုံးဝကို ပိတ်သွားပါပြီ။ ကျနော် အသက် ၃၈ နှစ်ရှိပါပြီ၊ ဥရောပ ဘောလုံးလောကမှာလည်း အရည်အသွေးတွေ အများကြီးဆုံးရှုံးခဲ့ပါတယ်။ ကျနော့်အတွက်ကတော့ အရည်အသွေး အများအပြားရှိပြီး အခြားအားလုံးထက် မြင့်မားတဲ့ တစ်ခုတည်းသောလိဂ်က ပရီးမီးယားလိဂ်ပါ။ ကျနော် ဆော်ဒီမှာပဲ ကစားချင်ပါတယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်ရာသီက ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ဆော်ဒီလိဂ်ကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုကို ခေါ်ယူဖို့ ဥရောပကလပ်အသင်းတွေက ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက် ပေါ်နေပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုကတော့ ဆော်ဒီလိဂ်မှာပဲ ပျော်ရွှင်နေပြီး ဒီလိဂ်ဟာ လာမယ့်နှစ် အနည်းငယ်အတွင်း ထိပ်တန်းလိဂ် အချို့ကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။
ရော်နယ်ဒိုကိုတွေ့ရစဉ်
ဆော်ဒီလိဂ်ဟာ ရော်နယ်ဒိုကို ခေါ်ယူပြီးနောက် ဘန်ဇီမာ၊ ကန်တီ၊ ရူဘင်နာဗတ်စ်၊ ဖာမီနို၊ ကူလီဘာလီတို့အပြင် နောက်ထပ် နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ဆော်ဒီလိဂ်ဟာ ကစားသမားတွေအပြင် စတီဗင်ဂျရတ်၊ ရော်ဘီဖောင်လာတို့လို နာမည်ကျော် နည်းပြတွေကို လည်း နည်းပြသစ်အဖြစ် ခန့်အပ်ထားတာပါ။
ရော်နယ်ဒိုရဲ့ အဓိကပြိုင်ဘက်ကြီးဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ရက်ကမှ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းထံ တရားဝင် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ပေါ်တူဂီ ကစားသမားအနေနဲ့ မေဂျာလိဂ်ပြိုင်ပွဲကို ပြောင်းရွှေ့နိုင်ဖွယ်ရှိလားလို့ မေးမြန်းခြင်း ခံခဲ့ရပါတယ်။
ရော်နယ်ဒိုက “ဆော်ဒီလိဂ်က အမေရိကန်လိဂ်ထက် အများကြီး ပိုကောင်းတယ်လို့ ထင်ပါတယ်။ ကျနော့်အသင်း က အယ်လ်နာဆာပါ။ ကျနော်ဘယ်သွားသွား စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေပြီး ဒီလိုဖြစ်မယ်ဆိုတာလည်း သိပါ တယ်။ လာမယ့်ရာသီမှာ ကြယ်ပွင့် ကစားသမား အများအပြား ဆော်ဒီကို လာမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။
Source: Daily Mail