CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၃

အီတလီအသင်းကို အနိုင်ရခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အာဖရိက အသင်းအတွက် နာကျင် အချိန်ပိုမှာ အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဂတ်လာနာဟာ ဒီပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ အချိန်အတွင်း မိသားစုဝင် ၃ ဦးကို ဆုံးရှုံးခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဂတ်လာနာက “ကျမတို့ဟာ ဝေဖန်မှုတွေ အများကြီး ခံခဲ့ရပေမယ့် ဒါက ဘောလုံးပါ။ လွန်ခဲ့တဲ့ ၃ ပတ်က ကျမ မိသားစုဝင် ၃ ဦးကို ဆုံးရှုံးခဲ့ရပါတယ်။ ကျမ အိမ်ကိုပြန်ခွင့်ရခဲ့ပေမယ့် အသင်းဖော်တွေနဲ့အတူ ဆက်ရှိဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်”လို့ မီဒီယာတွေကို ပြောခဲ့တာပါ။

အီတလီအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ တောင်အာဖရိက အသင်းအတွက် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဆုံး နိုင်ပွဲရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်လည်း တောင်အာဖရိကအသင်းဟာ ပထမဆုံး အကြိမ် ရှုံးထွက်အဆင့် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာပါ။

ဂတ်လာနာ အသင်းသားတွေနဲ့အတူ အောင်ပွဲခံနေကြစဉ်

ဒီပွဲအပြီးမှာ ဂတ်လာနာက ပြိုင်ပွဲယှဉ်ပြိုင် နေချိန်အတွင်း မိသားစုဝင် ၃ ဦးကို ဆုံးရှုံးခဲ့ရတယ်လို့ ဝမ်းနည်း ကြေကွဲဖွယ်ရာ သတင်းကို ပြောခဲ့တာ ဖြစ်ပါတယ်။ 

သူမကို အသင်းက အိမ်ပြန်ခွင့် ပေးခဲ့ပေမယ့် အသင်းဖော်တွေနဲ့အတူ ဆက်နေဖို့ကိုသာ ရွေးချယ်ခဲ့တာပါ။ 

တောင်အာဖရိကအသင်းဟာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု G မှာ ဆွီဒင်အသင်းရဲ့နောက် ရမှတ် ၄ မှတ်နဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်အာဖရိက အသင်းနည်းပြကတော့ ပွဲအပြီးမှာ သူ့ရဲ့ ကစား သမားတွေဟာ သူရဲကောင်းတွေလို တိုက်ပွဲဝင်ခဲ့ကြတယ်လို့ ချီးကျူးခဲ့ပါတယ်။

တောင်အာဖရိက အသင်းဟာ ၁၆ သင်းအဆင့်မှာ နယ်သာလန်အသင်းနဲ့ သြဂုတ် ၆ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: The Sun