CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၄

အော်လန်ဒိုစီးတီး အသင်းနည်းပြ အော်စကာပါရီဂျာက အင်တာမိုင်ယာမီအသင်းက အနိုင်ရခဲ့တဲ့ လိဂ်ဖလား ပွဲစဉ်မှာ မက်ဆီ အနီကတ်နဲ့ ထုတ်ပယ်ခံရသင့်တယ်လို့ ပြောခဲ့ပါတယ်။

အော်စကာပါရီဂျာက “ဒီညက ဆပ်ကပ်ပွဲပါပဲ။ မက်ဆီကို ဒုတိယ အဝါကတ် မပြသခဲ့ပါဘူး။ သူက မက်ဆီ ဆိုပေမယ့် ကျနော်ကတော့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ပင်နယ်တီ ပေးတာတွေနဲ့ အခြားအရာတွေက ရယ်စရာ ကောင်းပါတယ်။ ကျနော် အလွန်စိတ်ပျက်ခဲ့ပြီး စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိအောင် ကြိုးစားခဲ့ပါတယ်။ ဒီပွဲမှာ မဖြစ်သင့်တဲ့ အခြေအနေတွေရှိခဲ့ပါတယ်လို့ ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။ 


သြဂုတ် ၃ ရက်က ကစားခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ အော်လန်ဒိုစီးတီး အသင်းတို့ရဲ့ လိဂ်ဖလားပွဲစဉ်မှာ အင်တာမိုင် ယာမီ အသင်း ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

 မက်ဆီကိုတွေ့ရစဉ်

မက်ဆီဟာ ဒီပွဲမှာ ၂ ဂိုးသွင်းပြီး အင်တာမိုင်ယာမီ အသင်းကို ၁၆ သင်းအဆင့် ရောက်ရှိအောင် ကြိုးစားပေးခဲ့ ပေမယ့် ပြိုင်ဘက် ကစားသမားတွေနဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေ ရှိခဲ့တာပါ။ 

မက်ဆီဟာ အင်တာမိုင်ယာမီ ကစားသမားဘဝ  ပထမဆုံး အဝါကတ်ကို ဒီပွဲမှာ ပြသခံခဲ့ရပါတယ်။

မက်ဆီဟာ ပထမပိုင်း နာကျင်အချိန်ပိုမှာ အော်လန်ဒိုစီးတီး ကစားသမား အာရူဂျိုနဲ့ ထိပ်တိုက် တွေ့ခဲ့တာကြောင့် ဒုတိယအဝါကတ်နဲ့ အနီကတ် ပြသခံခဲ့ရမယ့် အခြေအနေမှာ ရှိခဲ့တာပါ။ 

အဲ့ဒါကြောင့် အော်လန်ဒိုစီးတီး အသင်းနည်းပြက မက်ဆီကို အနီကတ် မပြသခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းအတွက် ၃ ပွဲ ကစားအပြီးမှာ ၅ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

အင်တာမိုင်ယာမီ အသင်းဟာ လိဂ်ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်မှာ ဒါလတ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal