CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၄

အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုက အီဂျစ်ကလပ် ဇမာလက်ခ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ကွင်းရဲ့ အခြေအနေက ဆိုးရွားခဲ့တာကြောင့် သူတို့ရုန်းကန်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုက “ဇမာလက်ခ်ဟာ ခက်ခဲပြီး၊စနစ်တကျဖွဲ့စည်းထားတဲ့အသင်းပါ။ ကွင်းရဲ့အခြေအနေကတော့ ဆိုးရွားပါတယ်။ ကျနော်တို့ လှပတဲ့ဘောလုံးကစားနည်းကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ပင်ပန်းနွမ်းနယ်မှုတွေ ကြောင့်လည်း ဒီပွဲက ကျနော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ အရာဖြစ်တဲ့ နောက်တစ်ဆင့် ရောက်ရှိအောင် ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ တဖြည်းဖြည်းတိုးတက်လာပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း အလွန်ကောင်းမွန်ပါတယ်လို့ ပြောခဲ့တာပါ။

အယ်လ်နာဆာနဲ့ ဇမာလက်ခ်အသင်းတို့ရဲ့ အာရပ်ကလပ်ချန်ပီယံဖလားပြိုင်ပွဲဟာ တစ်ဖက် ၁ ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ဇမာလက်ခ်အသင်းဟာ ပွဲချိန် ၅၄ မိနစ်မှာ ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူခဲ့ တာဖြစ်ပြီး အယ်လ်နာဆာအသင်းအတွက် ချေပဂိုးကို ရော်နယ်ဒိုက ပွဲချိန် ၈၇ မိနစ်မှာ ခေါင်းတိုက်ပြီး သွင်းယူ ခဲ့တာပါ။ ဒီပွဲမှာသာ ရော်နယ်ဒိုချေပဂိုးမသွင်းနိုင်ရင် အယ်လ်နာဆာအသင်းဟာ ပြိုင်ပွဲကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်။


ဒါပေမယ့် ပေါ်တူဂီအသင်းခေါင်းဆောင်ရဲ့ ချေပဂိုးကြောင့် ဇမာလက်ခ်အသင်းဟာ ပြိုင်ပွဲကနေ ထွက်ခွာ သွားခဲ့ရတာပါ။ ရော်နယ်ဒိုရဲ့ ဒီပွဲက ခေါင်းတိုက်သွင်းဂိုးဟာ သူအားသန်တဲ့ ညာခြေနဲ့ မဟုတ်ဘဲ သွင်းယူခဲ့တဲ့ သွင်းဂိုး ၃၀၀ မြောက်ဖြစ်တယ်လို့လည်း အချက်အလက်တွေအရ သိရပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းအတွက် ၂၂ ပွဲကစားအပြီးမှာ ၁၆ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီးထားတာပါ။

အယ်လ်နာဆာအသင်းဟာ အာရပ်ကလပ်ချန်ပီယံဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုကလပ် ရာဂျာအသင်းနဲ့ သြဂုတ် ၆ ရက်မှာ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

Source:Sportskeeda