CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၈

ဘရာဇီးလ် တောင်ပံကစားသမား ဝီလီယံဟာ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းထံ ပြန်လည်ရောက်ရှိ လာခဲ့ပြီး ၁ နှစ် စာချူပ်ချုပ်ဆိုခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ဝီလီယံနဲ့ ဖူလ်ဟမ်အသင်းတို့ အရင်ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနွေရာသီ အစော ပိုင်းက စာချုပ်ကုန်ဆုံးသွားခဲ့တာပါ။
 
အစောပိုင်းက ဝီလီယံဟာ နော်တင်ဟမ်ဖောရက်စ် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာဖြစ်ပေမယ့် နောက်ဆုံးမှာ တော့ ဖူလ်ဟမ်အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ဝီလီယံနဲ့ ဖူလ်ဟမ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ နောက်ထပ် တစ်နှစ်သက်တမ်း တိုးခွင့် ပါဝင်နေတယ် လို့ သိရပါတယ်။

ဝီလီယံကို တွေ့ရစဉ်

ဝီလီယံက “ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျနော့်ရဲ့ အသင်းဖော်တွေ အားလုံးနဲ့ အတူလုပ်ခဲ့တဲ့ အလုပ်ကို ဆက်ပြီးလုပ်ရမှာဖြစ်လို့ ပျော်ပါတယ်။ ကျနော်တို့ဟာ ရာသီသစ်မှာ ပိုပြီးကောင်းအောင် လုပ်နိုင်မယ့် အသင်းတစ်သင်းလို့ ထင်ပါတယ်။ အဲဒါကြောင့်လည်း ဒီအံ့သြစရာကောင်းတဲ့ စွန့်စားခန်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ အာဆင်နယ် ကစားသမားဟောင်းဟာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လက ကိုရင်သီယန် အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဖူလ်ဟမ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။

ဝီလီယံဟာ ပြီးခဲ့တဲ့ရာသီက ဖူလ်ဟမ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၃၀ ပါဝင်ကစားပြီး ၅ ဂိုးသွင်းယူကာ ၆ ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘရာဇီးလ် ကစားသမားဟာ မနှစ်ကရာသီက ဖူလ်ဟမ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၀ နေရာ ရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့တာပါ။

ဖူလ်ဟမ်အသင်းဟာ ရာသီကြို ခြေစမ်းပွဲအဖြစ် ဘရန်ဖို့ဒ်၊ အက်စတွန်ဗီလာ၊ ချယ်လ်ဆီး၊ ဟော်ဖန်ဟိမ်း အသင်း တို့နဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး သြဂုတ်လ ၁၂ ရက်မှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: BBC