CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၈

ဂါဘွန်လက်ရွေးစင် အူဘာမီယန်းဟာ  မာဆေးလ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီလို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်း ခေါင်းဆောင်ဟောင်းဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဘာစီလိုနာအသင်းကနေ ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ချယ်လ်ဆီးအသင်းမှာ ဆိုးရွားတဲ့ အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့က ကစားသမားသစ် အများအပြား ခေါ်ယူခဲ့ပြီးနောက် အူဘာမီယန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အသင်းလူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ၃ ဂိုးသာ သွင်းယူ နိုင်ခဲ့တာကြောင့် လန်ဒန်ကလပ်ဟာ သူ့ကို အခုနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ စီစဉ်နေတာပါ။ 

အူဘာမီယန်းဟာ အခုအပြောင်းအရွှေ့မှာ ကစားသမား အများအပြားကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဆော်ဒီလိဂ်ဟာ သူသွားဖို့ ဖြစ်နိုင်ဖွယ် အရှိဆုံးနေရာလို့ သတ်မှတ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။

အူဘာမီယန်းကိုတွေ့ရစဉ်

ဒါပေမယ့် RMC Sport က အူဘာမီယန်းဟာ မာဆေးလ်အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ပါဝင်တယ်လို့ ဖော်ပြခဲ့တာပါ။

မာဆေးလ်အသင်းဟာ အူဘာမီယန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာခွင့် ပေးဖို့ အတွက်  ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။ အူဘာမီယန်းနဲ့ ချယ်လ်ဆီးအသင်းတို့ ချုပ်ဆို ထားတဲ့ စာချုပ်ဟာ တစ်နှစ်ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

မာဆေးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ တတိယနေရာ ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကျော်ဖြတ်နိုင်ခဲ့ရင် ချန်ပီယံလိဂ် အုပ်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်လို့ ရမှာဖြစ်ပါ တယ်။ 

Source: Metro