CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၃

FA ဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ ယူနိုက်တက် အသင်းတို့ပွဲမှာ မန်စီးတီးအသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး ပွဲအစ ၁၆ စက္ကန့်မှာတင် ဂန်ဒိုဂန်က မန်စီးတီးအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ချေပဂိုးရဖို့ ပြန်ပြီးကြိုးစားရင်းနဲ့ ဂရီလစ်ရှ် လက်ထိဘောကြောင့် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပါတယ်။

ဒီပင်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ ပထမပိုင်းမှာ ၁ ဂိုးစီသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံးဟာ ဂိုးရဖို့ ကြိုးစားရင်းနဲ့ မန်စီးတီးက ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကို အသင်းခေါင်းဆောင် ဂန်ဒိုဂန်ကပဲ သွင်းယူခဲ့တာပါ။

အဲဒီနောက်မှာ ယူနိုက်တက်အသင်းက ရက်ရှ်ဖို့ဒ်၊ ဂါနာချိုတို့ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် လွဲချော်ခဲ့လို့ ယူနိုက်တက်အသင်း နစ်နာခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာ မန်စီးတီးအသင်းက ပွဲကို ထိန်းချုပ်ပြီး ကစားသွားခဲ့ပါတယ်။

အဲဒါကြောင့် ပွဲအပြီးမှာ မန်စီးတီးအသင်းက ယူနိုက်တက်အသင်းကို အနိုင်ရပြီး FA ဖလားချန်ပီယံဆုကို ရရှိကာ ဒီရာသီ ဆုဖလား ၂ ခုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။