CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂

ယူရိုပါလိဂ် ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့တဲ့ အင်္ဂလိပ်ဒိုင်လူကြီး အန်သိုနီတေလာနဲ့ သူ့ရဲ့ မိသားစုတွေကို ရိုးမား ပရိသတ်တွေက ဘူဒါပတ်စ်လေဆိပ်မှာ နှောင့်ယှက်မှုလုပ်တဲ့ ရုပ်သံတွေ ဆိုရှယ်မီဒီယာပေါ်မှာ ရောက်ရှိလာခဲ့ ပြီးနောက် ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)က ရှုတ်ချခဲ့ပါတယ်။

PGMOL က “အန်သိုနီတေလာနဲ့ သူ့ရဲ့ မိသားစုဟာ ဘူဒါပတ်စ်လေဆိပ်မှာ နှောင့်ယှက်မှုတွေခံရတဲ့ ရုပ်သံတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရောက်ရှိလာတာကို ကျနော်တို့ သိရှိပါတယ်။ ဒိုင်လူကြီးက အိမ်ပြန်ဖို့ လုပ်တဲ့အချိန်မှာ သူနဲ့ သူ့မိသားစုအပေါ် တရားမျှတမှုမရှိတဲ့ လုပ်ရပ်တွေအပေါ် ကျနော်တို့ တုန်လှုပ်ခြောက်ခြားမိပါတယ်။ ကျနော်တို့ ဟာ အန်သိုနီနဲ့ သူ့ရဲ့ မိသားစုကို အပြည့်အဝ ပံ့ပိုးပေးမှုတွေကို ဆက်ပြီး ပြုလုပ်သွားမှာပါ”လို့ ကြေညာချက် ထုတ် ပြန်ခဲ့ပါတယ်။

အန်သိုနီတေလာဟာ ဆီဗီလာအသင်းက ရိုးမားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

ဒိုင်လူကြီးကိုတွေ့ရစဉ်

ရိုးမား ပရိသတ်တွေဟာ ဒီပွဲက ဆုံးဖြတ်ချက်တွေကို ဒေါသထွက်နေခဲ့တာကြောင့် အင်္ဂလိပ်ဒိုင်လူကြီးကို လေဆိပ် မှာ စောင့်ဆိုင်းကာ အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြသလို ပရိသတ်တစ်ဦးဆိုရင် ခုံနဲ့ပါ ပစ်ပေါက်မှုတွေ ပြုလုပ်ခဲ့ကြ တာပါ။
အဲဒါကြောင့် ဒီအဖြစ်အပျက်တွေကို လုံခြုံရေးဝန်ထမ်းတွေကို ထိန်းသိမ်းခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မတိုင်ခင် ယူရိုပါလိဂ် ဗိုလ်လုပွဲ ပွဲပြီးပြီးချင်းမှာ ရိုးမားအသင်း နည်းပြဖြစ်သူ မော်ရင်ဟိုဟာ ကားပါကင်မှာ စောင့်ဆိုင်းကာ ကွင်းလယ်ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ ပြုလုပ်ခဲ့တာပါ။

မော်ရင်ဟိုဟာ အန်သိုနီတေလာကို အရှက်မရှိတဲ့ သူဆိုပြီး ပါးစပ်ထဲမှာ ရေရွှတ်ခဲ့တာ ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဒီပွဲမှာ သူတို့ရသင့်တဲ့ ပင်နယ်တီ အပါအဝင် ဆုံးဖြတ်ချက်အချို့ကို မကျေနပ်တာကြောင့် ကွင်း လယ် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာမှာ နည်းပြ မော်ရင်ဟိုလည်း အဝါကတ် ပြသခံခဲ့ရတာပါ။

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မော်ရင်ဟိုကို အရေးယူတဲ့ ဆုံးဖြတ်ချက် မချခင်မှာ ပြိုင်ပွဲတာဝန်ရှိသူတွေရဲ့ အစီရင်ခံစာကို စောင့်မျှော်နေတာဖြစ်ပါတယ်။ အန်သိုနီတေလာဟာ ယူရိုပါ လိဂ် ဗိုလ်လုပွဲမှာ စံချိန်တင် အဝါကတ် ၁၃ ကတ် ပြသခဲ့ပြီး ဒီထဲမှာ ရိုးမားကစားသမား ၇ ဦးအထိ အဝါကတ် ပြသ ခံခဲ့ရတာ ဖြစ်ပါတယ်။

Source: BBC/CNA