CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈

စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းဟာ ယူနိုက်တက်အသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ တိုက်စစ် မှူး ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ မုဒိမ်းမှု စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ အသင်းအတွက် ပါဝင်ကစားခွင့် ဆိုင်းငံ့ခံရပြီးကတည်းက ယူနိုက်တက်အတွက် ပါဝင်ကစားခွင့် မရခဲ့ပါဘူး။

ဂရင်းဝုဒ်ဟာ ဖေဖော်ဝါရီလမှာ အဓိကသက်သေတွေ နှုတ်ထွက်မှုနဲ့အတူ သူ့ကို စွဲချက်တင်ထားတဲ့ အမှုတွေဟာ ရုပ်သိမ်း ခံခဲ့ရပါတယ်။

အာဏာပိုင်တွေက ဂရင်းဝုဒ်ရဲ့ အမှုတွေကို ရုပ်သိမ်းပေးခဲ့ပေမယ့် ယူနိုက်တက်ကတော့ အသင်းအတွင်းပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေကို စတင်ခဲ့ပြီး ဒါဟာ ရာသီကုန်ဆုံးပြီးရင်တောင် ပြီးဆုံးဖို့ မရှိသေးပါဘူး။

ဂရင်းဝုဒ်ဟာ သူ့ရဲ့ ငယ်ဘဝ ကလပ်မှာ ပြန်ကစားခွင့် ရဖို့အတွက် အုတ်နံရံကို ပြေးပြီးတိုက်ဆိုလည်း တိုက်ဖို့ ရှိနေပေမယ့် ယူနိုက်တက်ဘက်က စုံစမ်းစစ်ဆေးမှုပြီးမယ့် အချိန်ကာလကို သတ်မှတ်ထားခြင်း မရှိတာ ဖြစ်ပါ တယ်။

အဲဒါကြောင့်လည်း ဂရင်းဝုဒ်ဟာ လက်ရှိအချိန်အထိ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို ပြန်လည်ဝင်ရောက်လို့ မရသေးတာပါ။

ဂရင်းဝုဒ်ကို တွေ့ရစဉ်

ယူနိုက်တက်နဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဥရောပတစ်ဝှမ်းရှိ ကလပ် အသင်း အများအပြားက စိတ်ဝင်စားနေတယ်လို့ Ravelo က ဖော်ပြထားပါတယ်။

ဒီအသင်းတွေထဲမှာ ဂရင်းဝုဒ်ရဲ့ နည်းစနစ် အရည်အသွေးကို သဘောကျနေတဲ့ အေစီမီလန်အသင်းလည်း ပါဝင် နေတာပါ။

ဂရင်းဝုဒ် ဘက်ကလည်း သူ့ရဲ့ ကစားသမားဘဝ လမ်းကြောင်းပေါ်ကို ပြန်လည် ရောက်ရှိဖို့အတွက် ပြည်ပ ကလပ် အသင်းတွေမှာ စတင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ တူရကီကလပ်တွေရဲ့ ဇန်နါရီလက ကမ်းလှမ်းမှုတွေကို ပယ်ချထား ပါတယ်။ ဂရင်းဝုဒ်ဟာ ယူနိုက်တက် အသင်းကို အသက် ၆ နှစ် အရွယ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကြီးအတွက် ၂၀၁၉ မှာ စတင်ပွဲထွက်ခွင့် ရခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလက ကစားခဲ့တဲ့ အိုက်စလန်အသင်းနဲ့ ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ၁ ပွဲ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail