CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၄

ချယ်လ်ဆီးအသင်းကို အားပေးတဲ့ပရိသတ်တစ်ဦးဟာ စပါးအသင်းတောင်ပံကစားသမား ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားတဲ့အမူအရာပြုလုပ်ခဲ့တာကြောင့် ဘောလုံးနဲ့ပတ်သက်ခွင့် ၃ နှစ်ပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။

သောမတ်စ်ဘာချဲလ်ဆိုတဲ့ ပရိသတ်ဟာ သြဂုတ်လ ၁၄ ရက်နေ့က ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ လူမျိုးရေးခွဲခြားတဲ့အမူအရာပြုလုပ်ခဲ့တာကို ကင်မရာတွေက အမိအရဖမ်းပြီး ရိုက်ကူးနိုင်ခဲ့ တာပါ။ဒီအဖြစ်အပျက်ပုံတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရောက်ရှိခဲ့ပြီးနောက် Kick it Out အဖွဲ့အစည်းထံ ပေးပို့ ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာ ချယ်လ်ဆီးအသင်းက သူ့ကိုဖော်ထုတ်ခဲ့ပြီး အရေးယူဖို့ လုပ်ဆောင်ခဲ့တာပါ။

သောမတ်စ်ဘာချဲလ်ကလည်း သူဟာ ဒီဖြစ်ရပ်ကို ကျူးလွန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ပြီးနောက် လန်ဒန်မြို့ရှိ တရားရုံးက ဒဏ်ကြေးငွေ ၇၂၆ ပေါင်နဲ့ ဘောလုံးပွဲတွေမှာ ပတ်သက်ခွင့် ၃ နှစ်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အကြီးတန်းအစိုးရရှေ့နေ ကယ်လ်ဆွန်ရှာက “ဘောလုံးဟာ စိတ်အားထက်သန်မှုအပြည့်ရှိတဲ့ အားကစားတစ်ခု ဖြစ်ပေမယ့် လူမျိုးရေးခွဲခြားစော်ကားမှုတွေကိုတော့ ဘယ်တော့မှ ခွင့်မပြုသင့်ပါဘူး။ဒီလိုအပြုအမူတွေကို မြင်တဲ့ သူတိုင်း ဒါမှမဟုတ် ကြုံဖူးတဲ့သူတိုင်းဟာ ရဲတပ်ဖွဲ့ကို သတင်းပို့ပြီး ဘောလုံးပွဲတွေမှာ လူမျိုးရေးခွဲခြားမှု ကင်းစင် အောင် ကူညီပေးဖို့ ဆက်ပြီးတိုက်တွန်းသွားမှာပါ” လို့ ပြောခဲ့တာပါ။

ပရီးမီးယားလိဂ်ဟာ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့ ပွဲမစခင် ဒူးထောက်တဲ့အစီအစဉ်တွေကို လုပ်ဆောင်ခဲ့ပေ မယ့် ကစားသမားတွေဟာ ဆိုရှယ်မီဒီယာတွေပေါ်ကနေ မကြာခဏဆိုသလို လူမျိုးရေးခွဲခြားမှုကို ခံနေရတုန်း ပဲဖြစ်တယ်လို့ အချက်အလက်တွေအရ သိရတာဖြစ်ပါတယ်။

Source:Goal